The Mummy
တွမ်ခရုဇ် အဓိကပါဝင်ထားတဲ့ The Mummy မှာ ခရူးဆိတ်စစ်ပွဲဝင် သူရဲကောင်းတစ်ဖွဲ့ဟာ အေဒီ ၁၁၂၇ ခုနှစ်က ရှေးဟောင်းအီဂျစ်နိုင်ငံဆီက ပတ္တမြားကြီးတစ်လုံးကို ရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်အသားနဲ့ မြှုပ်နှံထားခဲ့ပါတယ်။ ယနေ့ခေတ် လန်ဒန်မြို့မှာ မြေအောက်ရထားလမ်းဖောက်နေတဲ့ လုပ်သားတွေက အဲဒီသူရဲကောင်းတွေရဲ့ဂူကို တွေ့သွားတယ်။ ဂူထဲက ထူးဆန်းတဲ့အရာတွေနဲ့ အမှတ်အသားတစ်ခုကို စူးစမ်းရာကနေ ဖာရိုးဘုရင်တစ်ပါးရဲ့သမီး အာမာနက်မင်းသမီးအကြောင်း ပေါ်လာပါတယ်။ အာမာနက်ဟာ မူလက ထီးနန်းဆက်ခံရမယ့်သူဖြစ်ပေမယ့် ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးလာတဲ့အခါ အဲဒီအခွင့်အရေးကို လက်လွှတ်ရမယ့်အခြေအနေ ဖြစ်သွားတယ်။ သူသာ ထီးနန်းဆက်ခံရမယ်လို့ ဆုံးဖြတ်ထားတဲ့ အာမာနက်က အီဂျစ်နတ်ဘုရား ဆက်ဆီ သူ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ အဲဒီနောက် ခမည်းတော်နဲ့ မိသားစုကို သတ်ပစ်ပြီး ဆက်ကို လူသားအသွင်နဲ့ ပေါ်လာစေဖို့ သူ့ချစ်သူကိုပါ စတေးခဲ့တယ်။ ဘုန်းတော်ကြီးတွေကတော့ အာမာနက်ကို အရှင်လတ်လတ် မြှုပ်နှံပြီး ဂူပတ်လည်မှာ ပြဒါးတွေ ဝန်းရံထားခဲ့ပါတယ်။ ယနေ့ခေတ် အီရတ်နိုင်ငံမှာ အမေရိကန်စစ်တပ်အရာရှိ နစ်မော်တန်နဲ့ လုပ်ဖော်ကိုင်ဖက် ခရစ္စဗေးလ်တို့က အာမာနက်ရဲ့ဂူကို မထင်မှတ်ဘဲ ရှာတွေ့သွားတယ်။ နစ်ရဲ့ချစ်သူဟောင်း ရှေးဟောင်းသုတေသနပညာရှင် ဂျန်နီဟာလ်ဆေလည်း ရောက်လာပြီး ဂူကို စူးစမ်းခဲ့ပါတယ်။ နောက်တော့ ကာနယ်ကရင်းဝေးရဲ့ ညွှန်ကြားချက်နဲ့ အာမာနက်ရဲ့အခေါင်းကို ဆက်လေ့လာဖို့ အင်္ဂလန်ဆီ လေယာဉ်နဲ့ သယ်သွားကြတယ်။ ခရီးမှာ ဗေးလ်က အခေါင်းထဲက ပင့်ကူကိုက်ခံရပြီး မကောင်းဆိုးဝါးပူးကပ်ကာ အခေါင်းကို ဖွင့်ဖို့ ကြိုးစားလာပါတယ်။ လေယာဉ်ကိုလည်း ကျီးအုပ်ကြီး ဝင်တိုးလို့ ပျက်ကျသွားတယ်။ နစ်က ဂျန်နီကို လေထီးနဲ့ လွှတ်ပေးနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်တော့ လေယာဉ်နဲ့အတူ ပါသွားခဲ့ပါတယ်။ အောက်စဖို့ဒ်က ရင်ခွဲရုံကို ရောက်သွားတဲ့ နစ်ဟာ နောက်တစ်နေ့မှာ အသက်ပြန်ရှင်လာတယ်။ ဗေးလ်ကလည်း အာမာနက်ရဲ့အစွမ်းကြောင့် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ အာမာနက် လွတ်မြောက်လာပြီး သူ့အစွမ်းတွေနဲ့ ဒုက္ခပေးလာတဲ့အခါ နစ်နဲ့ ဂျန်နီတို့ သူမကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ပြန်ထိန်းချုပ်နိုင်ပါ့မလားဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။ တွမ်ခရုဇ်နဲ့အတူ အန်နာဘဲလ်ဝေါလစ်၊ ဆိုဖီယာဘိုတယ်လာ၊ ဂျိတ်ဂျွန်ဆင်နဲ့ ကော့တနီဘီဗန့်စ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း