ဇာတ်ကားများ ရွေးရန်

Siping Youth: The Past

2022ဇာတ်ကား66 မိနစ်

၁၉၉၀ ပြည့်နှစ်တွေရဲ့ နှောင်းပိုင်းမှာ လီလောင်ပါးဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တစ်ဦးတည်းသော ညီမလေး လီရှောင်လိနဲ့ အတူနေထိုင်လာခဲ့ပါတယ်။ ဆိပ်ကမ်းမှာနေတဲ့ မောင်နှမနှစ်ယောက်ဟာ ရေလုပ်ငန်းကို အားကိုးပြီး အသက်မွေးကြရင်း အခက်အခဲတွေကို တောက်လျှောက် ရင်ဆိုင်လာခဲ့ကြတယ်။ တစ်နေ့တော့ အငြိုးအတေးတစ်ခုကြောင့် ဆိပ်ကမ်းခေါင်းဆောင် လျိုချန်က လီရှောင်လိရဲ့ အထက်တန်းစာမေးပွဲ ဝင်ခွင့်ကတ်ကို လုယူသွားပါတယ်။ အဲဒီနောက် လီလောင်ပါးကိုလည်း ရေလုပ်ငန်းကနေ ထွက်သွားဖို့အထိ ခြိမ်းခြောက်လာတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မောင်နှမနှစ်ယောက်မှာ ညီမရဲ့ပညာရေးအတွက်ပါ ပူပန်ရတော့တာပါ။ လီလောင်ပါးက ညီမလေးကို စာမေးပွဲဖြေပြီး တက္ကသိုလ်တက်နိုင်တဲ့အထိ မြင်ချင်သူဖြစ်လို့ လျိုချန်ကို ပြန်ရင်ဆိုင်ဖို့ ကြိုးစားလာပါတယ်။ ဒီလိုရင်ဆိုင်ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရဦးမလဲ၊ ဆုံးသွားတဲ့ မိဘတွေရဲ့ဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်ပါ့မလား။ ညီမကို တက္ကသိုလ်ကျောင်းသူအဖြစ် မြင်ချင်တဲ့ သူ့ဆန္ဒနဲ့ ပေးဆပ်မှုတွေ အရာထင်မထင်ဆိုတာကို ဆက်ပြထားပြီး အစ်ကိုနဲ့ညီမကြားက မေတ္တာအပြင် လုပ်ဖော်ကိုင်ဖက်တွေကြား စည်းလုံးမှုနဲ့ သစ္စာရှိမှုတွေကိုလည်း တွေ့ရပါတယ်။

ဇာတ်လမ်းအကြောင်း