The Amazing Maurice
စကားပြောတတ်တဲ့ ကြောင်လေး မော်ရိစ်၊ မိဘမဲ့ကောင်လေး ကိသ်နဲ့ စကားပြောတတ်တဲ့ ကြွက်တစ်စုတို့ဟာ မြို့တကာလှည့်ပြီး လူတွေကို လိမ်လည်ငွေရှာနေကြပါတယ်။ အရင်ဆုံး ကြွက်တွေကို မြို့ထဲလွှတ်ပြီး သောင်းကျန်းခိုင်းလိုက်တယ်။ မြို့ခံတွေက ကြွက်တွေကြောင့် အအိပ်ပျက် အစားပျက်ဖြစ်ကြရသလို ပုလိပ်ရောဂါကူးမှာကိုလည်း စိုးရိမ်လာကြပါတယ်။ အဲဒီအချိန်ရောက်မှ မော်ရိစ်က ကိသ်ကို ပုလွေသမားအဖြစ် ဟန်ဆောင်ခိုင်းပြီး ပုလွေတီးလို့ ကြွက်တွေကို မြို့အပြင် ခေါ်ထုတ်သွားစေတယ်။ ကြွက်တွေကို ရှင်းပေးနိုင်တဲ့သူလို့ ယုံသွားတဲ့ မြို့ခံတွေက ငွေပေးကြတော့ သူတို့အတွက် အလုပ်ဖြစ်နေတဲ့ နည်းလမ်းတစ်ခုပေါ့။ ဒီလိုနဲ့ ဘက်လစ်ဇ်ဆိုတဲ့မြို့ကို ရောက်လာကြပါတယ်။ အချက်အချာကျတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပေမယ့် တစ်မြို့လုံးက ထူးထူးဆန်းဆန်း တိတ်ဆိတ်နေတယ်။ စားစရာမှန်သမျှ ပျောက်ဆုံးနေပြီး မြို့ခံတွေ အငတ်ဘေးဆိုက်နေတာပါ။ ဒီအခြေအနေကို တွေ့ရတော့ သူတို့လည်း လိမ်လည်ငွေရှာမယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး မြို့တော်ဝန်ရဲ့သမီးနဲ့အတူ စားစရာတွေ ဘာကြောင့်ပျောက်နေရတာလဲဆိုတာ လိုက်ရှာကြပါတော့တယ်။
ဇာတ်လမ်းအကြောင်း