ဇာတ်ကားများ ရွေးရန်

Dead for a Dollar

2022ဇာတ်ကားအမှတ် 5.6/10106 မိနစ်

Christoph Waltz သရုပ်ဆောင်ထားတဲ့ ဆုကြေးစားဟာ အလိုရှိနေတဲ့ လူဆိုးတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေနဲ့ ဆုကြေးယူပြီး အသက်မွေးသူပါ။ တစ်နေ့မှာ သူဌေးတစ်ယောက်က သူ့ဇနီးကို ပြန်ခေါ်ပေးဖို့ အလုပ်အပ်လာတယ်။ သူဌေးပြောပြချက်အရ တပ်ပြေးတစ်ယောက်က ဇနီးကို ပြန်ပေးဆွဲပြီး နယ်စပ်တစ်ဖက်ဆီ ခေါ်သွားကာ ပြန်ပေးငွေ တောင်းထားတာပါ။ ဆုကြေးစားနဲ့အတူ တပ်ပြေးရှိတဲ့နေရာကို သိထားတဲ့ သူ့သူငယ်ချင်းတစ်ယောက်ကိုလည်း အဖော်ထည့်ပေးလိုက်ပါတယ်။ ဟိုဘက်ကို ရောက်တော့ တပ်ပြေးက မြို့တစ်မြို့လုံးကို ချုပ်ကိုင်ထားတဲ့ လူဆိုးတွေနဲ့ အပေးအယူလုပ်ထားတာကြောင့် လူပြန်ခေါ်ရမယ့်အလုပ်က ထင်သလောက် မလွယ်တော့ဘူး။ သေနတ်တွေနဲ့ ဖြေရှင်းရတဲ့ ပြဿနာတွေထဲ ပါဝင်လာရပါတယ်။ Christoph Waltz နဲ့ Willem Dafoe တို့ ပါဝင်တဲ့ ဒီကောင်းဘွိုင်သည်းထိတ်ရင်ဖိုကားကို ၇၉ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း