ဇာတ်ကားများ ရွေးရန်

Fukrey Returns

2017ဇာတ်ကားအမှတ် 6.5/10135 မိနစ်

ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။ IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။ မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။ အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။ တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။ အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲ ဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲ ဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလား ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0-DTOne Translated by Nay Myo Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း