ဇာတ်ကားများ ရွေးရန်

The End

2024ဇာတ်ကားအမှတ် 8.0/10148 မိနစ်4K

The End (2024) IMDb Rating (7.6) / Rotten Tomatoes (97%) ဒီဇာတ်ကားလေးမှာတော့ သာမန်တွေးကြည့်ရင်တော့ လားလားမှမဆိုင်တဲ့ ကမ္ဘာပျက်ကပ်နဲ့ ဂီတရုပ်ရှင်ကို တွဲစပ်ထားတဲ့ post-apocalyptic musical ဇာတ်ကားကောင်းလေးပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသမီးကြီး တီလ်ဒါ ဆွင်တန်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကမ္ဘာမြေက လူသားတွေ နေထိုင်ရှင်သန်လို့မရတဲ့အနေအထားဖြစ်လာပြီး ၂၅ နှစ်အကြာမှာ မြေအောက်ဆားတွင်းကို နေစရာအိမ်လုပ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ လူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီမိသားစုလေးဟာ မြေအောက်မှာ တစ်နေ့တစ်နေ့ ပျိုးပင်လေးတွေစိုက် ပန်းချီကားလေးတွေကို ဟိုဖက်နံရံ ပြောင်းချိတ် ဒီဘက်နံရံပြောင်းချိတ် စာပေအနုပညာတွေ ဆွေးနွေးပြီး ဘာမှမဖြစ်သလို စိတ်ကို တင်းခံထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က မထင်မှတ်ထားပဲ အသက်ရှင်နေပြီး သူတို့ရဲ့ မြေအောက်အိမ်ကလေးကို ရောက်လာခဲ့ပါတယ်။ ဒီလိုကနေ ဘာမှမဖြစ်သလို စိတ်ကိုတင်းခံထားပြီး ခံစားချက်ကို မြိုသိပ်ထားတဲ့မိသားစု ဒီကောင်မလေးရောက်လာတဲ့အခါ ဘယ်လိုခံစားကျော်ဖြတ်ရမလဲ ဆိုတာကို သံစုံမြိုင်ဆိုင်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3.7 GB) / (1.5 GB) / (930 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Fantasy, Musical, Sci-Fi Duration….02:29:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Matteo

ဇာတ်လမ်းအကြောင်း