The Last House on the Left
လူသတ်သမား ခရုဂ်ကို ထောင်ဆီပို့ဆောင်နေချိန်မှာ သူ့ညီ ဖရန့်စစ်နဲ့ ဇနီး ဆေဒီတို့က လမ်းမှာဖြတ်ကယ်ပြီး ရဲတွေကို သတ်ပစ်လိုက်ကြပါတယ်။ တစ်နေ့ မေရီနဲ့ သူ့သူငယ်ချင်းဟာ ခရုဂ်တို့မရှိတုန်း သူတို့တည်းနေတဲ့ မိုတယ်ခန်းထဲ ရောက်နေကြတယ်။ ခရုဂ်တို့ ပြန်လာတဲ့အချိန်နဲ့ တိုးသွားတော့ သူတို့ပုန်းနေတဲ့နေရာကို တခြားသူတွေဆီ ပြန်မပြောနိုင်အောင် မိန်းကလေးနှစ်ယောက်ကို ပြန်ပေးဆွဲပြီး အကြမ်းဖက်၊ မုဒိမ်းကျင့်ကာ သတ်ဖို့ပါ ကြိုးစားကြပါတယ်။ အဲဒီနောက် မုန်တိုင်းကျလာလို့ ခရုဂ်တို့ဟာ တွေ့ရာအပန်းဖြေအိမ်တစ်အိမ်မှာ ဝင်ခိုကြတယ်။ အဲဒီအိမ်က မေရီရဲ့မိဘတွေအိမ် ဖြစ်နေပါတယ်။ သမီးအပေါ် သူတို့ကျူးလွန်ခဲ့တာတွေကို မိဘနှစ်ပါး သိသွားတဲ့အခါ လက်စားချေဖို့ ကြိုးစားလာကြတယ်။ ၁၉၇၂ ခုနှစ်က နာမည်တူဇာတ်ကားကို ၂၀၀၉ ခုနှစ်မှာ ပြန်ရိုက်ထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း