ဇာတ်ကားများ ရွေးရန်

The Woman King

2022ဇာတ်ကားအမှတ် 7.8/10135 မိနစ်4K

အနောက်အာဖရိကက ဒါဟိုမီတိုင်းပြည်မှာ အမျိုးသမီးတွေချည်း ဖွဲ့စည်းထားတဲ့ အထူးစစ်တပ်တစ်ခု ရှိခဲ့ပါတယ်။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြားက ဒီတပ်ဖွဲ့ဟာ တိုင်းပြည်ကို ကာကွယ်ရာမှာရော ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ရာမှာပါ အရေးပါတဲ့ အင်အားဖြစ်ခဲ့ပြီး ဥရောပသားတွေက သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ကြတယ်။ ဒီဇာတ်ကားကတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာကြားက စစ်ပွဲနဲ့ ကျွန်ကုန်ကူးမှုတွေကို နောက်ခံထားပါတယ်။ ဒါဟိုမီဘုရင်အသစ် ဂယ်ဇိုရဲ့ အာဂိုဂျေးအမျိုးသမီးတပ်ဖွဲ့ကို စစ်သူကြီးနန်နိစကာက ဦးဆောင်နေတယ်။ အဲဒီအချိန်မှာ အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေ ပူးပေါင်းပြီး ဒါဟိုမီရွာတွေကို ဝင်စီးနေကြသလို လူတွေကိုလည်း ဖမ်းဆီးပြီး ကျွန်အဖြစ် ရောင်းစားနေကြပါတယ်။ ဒီအခြေအနေကြားမှာ အာဂိုဂျေးစစ်သည် ဖြစ်လာဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုရဲ့ဘဝနဲ့ တပ်ဖွဲ့ရဲ့ တိုက်ပွဲတွေကို တွဲပြထားတယ်။ ကျွန်ကုန်ကူးတာထက် အုန်းဆီထုတ်ရောင်းတဲ့ဘက်ကို ဦးစားပေးချင်တဲ့ အာဂိုဂျေးတွေရဲ့ သဘောထားကိုလည်း ဇာတ်လမ်းထဲမှာ တွေ့ရပါတယ်။

ဇာတ်လမ်းအကြောင်း