ဇာတ်ကားများ ရွေးရန်

Akkada Ammai Ikkada Abbai

2025ဇာတ်ကားအမှတ် 5.0/10147 မိနစ်

Akkada Ammayi Ikkada Abbayi (2025) "တစ်ရွာသားမ၀င်ရ" ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ကျေးလက်နောက်ခံ အချစ်-ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခါက မျိုးဆက်တစ်ဆက်မှာ ယောက်ျားလေးချည်းပဲ အယောက် ၆၀ မွေးဖွားပြီး မိန်းကလေး လုံး၀မထွန်းကားခဲ့တဲ့ ထူးထူးဆန်းဆန်းရွာလေးတစ်ရွာရှိပါတယ်။ အဲဒီလိုဖြစ်ချိန်ကစလို့ ရွာမှာမိုးခေါင်ရေရှားဖြစ်ပြီး ရွာသားတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။ မိန်းကလေးမွေးဖွားမှသာ အဲဒီဒုက္ခတွေကင်းဝေးမယ်လို့လည်းရွာသားတွေက ယုံကြည်ထားကြပါတယ်။ တစ်နေ့တော့ ရွာမှာ ၆၁ ယောက်မြောက်မွေးတဲ့ ကလေးဟာ မိန်းကလေးဖြစ်နေပါတယ်။ ရွာသားတွေယုံကြည်ထားကြသလို အဲဒီမိန်းကလေးမွေးတာနဲ့ ရွာဟာလည်း မိုးခေါင်ရေရှားမှုကင်းဝေးသွားပါတယ်။ အဲဒါကြောင့် အဲဒီမိန်းကလေးကို တစ်ရွာလုံးက အရမ်းအလေးထားကြပါတယ်။ ရွာကနေ မိန်းကလေးထွက်မသွားရေးအတွက်လည်း သူ့အရင်မွေးထားတဲ့ ယောက်ျားလေး ၆၀ ထဲက တစ်ယောက်နဲ့ပေးစားရမယ်လို့ စီစဉ်ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ရွာကို မြို့သားတစ်ယောက် ရောက်ရှိလာပြီး အဲဒီမိန်းကလေးနဲ့ဆုံဆည်းမိတဲ့အခါ...၊ ကြိုတင်စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်တတ်တဲ့ ကံတရားအတိုင်း ရွာသားတွေရဲ့အစီစဉ်တွေ တလွဲဖြစ်ကုန်မှာလား... မြို့သားကိုကိုနဲ့ ရွာကတစ်ဦးတည်းသော မိန်းမပျိုတို့ ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ...၊ ရွာသားတွေနဲ့ ဘယ်လိုတွေအမှုပွေကြဦးမလဲဆိုတာ... ရယ်ရယ်မောမော‌ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 27min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း