Batman Begins
Bruce Wayne ဟာ ငယ်ငယ်က လင်းနို့တွေကို ကြောက်တတ်တဲ့ကလေးတစ်ယောက်ပါ။ သူ့မိဘတွေဖြစ်တဲ့ Thomas Wayne နဲ့ Martha Wayne တို့က Wayne Enterprises ကို ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်ပါတယ်။ တစ်နေ့ ကပွဲသွားကြည့်ရာမှာ Bruce ကြောက်လာလို့ မိသားစုလိုက် စောစောပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာ Joe Chill ဆိုသူက ဓားပြတိုက်ပြီး သူ့မိဘနှစ်ပါးကို သတ်သွားခဲ့တာကြောင့် Bruce ဟာ ဝိန်းမိသားစုရဲ့ အိမ်တော်ထိန်း Alfred Pennyworth ရဲ့ လက်ပေါ်မှာ ကြီးပြင်းလာခဲ့ရပါတယ်။ မိဘတွေကို ဆုံးရှုံးခဲ့ရတဲ့ Bruce က ဒုစရိုက်လောကကို ချေမှုန်းဖို့ ရည်ရွယ်ပြီး မြေအောက်လောကထဲ ကိုယ်တိုင်ဝင်ရောက်သွားတယ်။ အဲဒီမှာ အရိပ်အဖွဲ့ရဲ့ခေါင်းဆောင် Ra’s al Ghul နဲ့ တွေ့ပြီး ပညာသင်ယူခဲ့ပါတယ်။ လူတစ်ယောက်ဖြစ်တဲ့ Bruce Wayne အနေနဲ့ အမြဲရှိနေနိုင်မှာ မဟုတ်လို့ တစ်ချိန်က ကိုယ်ကြောက်ခဲ့တဲ့ လင်းနို့ကို သင်္ကေတအဖြစ် ရွေးချယ်လိုက်တယ်။ နောက်ပိုင်း အရိပ်အဖွဲ့ရဲ့ လုပ်ရပ်တွေကို နားလည်လာတဲ့အခါမှာတော့ ကိုယ့်မြို့ကို ကာကွယ်ဖို့ ရင်ဆိုင်ရပါတော့တယ်။ Batman မှာ ထူးခြားတဲ့ သဘာဝလွန်စွမ်းအားမရှိဘဲ တိုက်ခိုက်ရေးစွမ်းရည်၊ ဉာဏ်ရည်နဲ့ နည်းဗျူဟာတွေကို အားကိုးရပါတယ်။ သူ့ဘေးမှာ အိမ်တော်ထိန်းနဲ့ လူယုံဖြစ်တဲ့ Alfred Pennyworth၊ နည်းပညာပိုင်း ကူညီပေးတဲ့ Lucius Fox၊ ငယ်သူငယ်ချင်း Rachel Dawes နဲ့ နောင်မှာ ရဲမင်းကြီးဖြစ်လာမယ့် James Gordon တို့ ရှိနေကြတယ်။ DC Comics ဇာတ်ကောင်ကို အခြေခံပြီး Batman စတင်ဖြစ်ပေါ်လာပုံကို ရိုက်ကူးထားတဲ့ ဒီကားဟာ The Dark Knight Trilogy ရဲ့ ပထမဆုံးကားဖြစ်ပါတယ်။ Christopher Nolan က ရိုက်ကူးထားပြီး Christian Bale က Batman အဖြစ် ပါဝင်ထားကာ Michael Caine၊ Liam Neeson နဲ့ Morgan Freeman တို့လည်း သရုပ်ဆောင်ထားကြပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လ ၁၇ ရက်မှာ ထွက်ရှိခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၃၇၄.၂ သန်း ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း