The Stranger
လူသိမခံချင်တဲ့ အတိတ်တစ်ခုရှိနေတဲ့ ဟင်နရီတိတ်ဂ်ဟာ မထင်မှတ်ဘဲ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုနဲ့ ကြုံလာပါတယ်။ မိတ်ဆွေရင်းတစ်ယောက်လည်း ရလာပြီး အတိတ်ကို အပြီးတိုင် ချန်ထားနိုင်တော့မယ့် အခွင့်အရေးလို့ ထင်စရာပါပဲ။ ဒါပေမဲ့ သူ့ရှေ့မှာ ဖြစ်နေသမျှဟာ အပေါ်ယံမြင်ရသလောက် မရိုးရှင်းဘူး။ ဒီဇာတ်ကားက ဩစတေးလျမှာ ဖြစ်ခဲ့တဲ့ ဒန်နီရယ်မော်ကွန်ဘီ လူသတ်မှုကို အခြေခံပြီး သွယ်ဝိုက်တင်ဆက်ထားတာပါ။ ၂၀၀၃ ခုနှစ်မှာ အသက် ၁၃ နှစ်အရွယ် ဒန်နီရယ် ပြန်ပေးဆွဲခံခဲ့ရပြီး အမှုကို ခြေရာခံဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ ဩစတေးလျဒါရိုက်တာတစ်ဦး ရိုက်ကူးထားတဲ့ Netflix ရုပ်ရှင်ဖြစ်ပြီး Joel Edgerton နဲ့ Sean Harris တို့ ပါဝင်ထားတယ်။ ရာဇဝတ်မှုနဲ့ ဒရာမာကို ရောစပ်ထားပြီး ဇာတ်လမ်းအရှိန် တဖြည်းဖြည်းတက်လာတဲ့ ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း