Malik
ပင်လယ်နားက ရာမာဒါပက်လီဆိုတဲ့ မွတ်စလင်ရွာနဲ့ ယေဒါဗက်သရားဆိုတဲ့ ခရစ်ယာန်ရွာတို့ဟာ ညီအစ်ကိုတွေလို သင့်သင့်မြတ်မြတ် နေထိုင်ကြပါတယ်။ ဒီစည်းလုံးမှုကြောင့် နိုင်ငံရေးသမားတွေ အလွယ်တကူ အမြတ်ထုတ်လို့မရသလို ရွာတွေကို ဒုက္ခပေးပြီး အကျိုးအမြတ်ရှာချင်သူတွေကိုလည်း အလီဘိုင်က ရင်ဆိုင်ပေးနေတယ်။ ဆိုလိုင်မန်အလီလို့ အမည်ရတဲ့ အလီဘိုင်ကို မာလစ်၊ ဂေါ့ဖားသားလို့လည်း ခေါ်ကြပါတယ်။ သူက ကိုယ့်ရွာနဲ့ ပြည်သူတွေ ကောင်းစားဖို့ဆို လူမျိုးမခွဲဘဲ လုပ်ပေးတတ်သူပါ။ အသက်စွန့်ရမလား၊ လူသတ်ရမလားဆိုတာအထိ အရဲစွန့်ဖို့ အသင့်ရှိတာကြောင့် အများအမြင်မှာတော့ လူမိုက်ကြီးတစ်ယောက် ဖြစ်နေတယ်။ တစ်ဖက်မှာလည်း တစ်မြို့နယ်လုံးက သူ့စကားကို လေးစားနားထောင်ကြပါတယ်။ အများအကျိုးအတွက် လုပ်ရင်း အခြေအနေတွေကြောင့် ဒီဘဝကို ရောက်လာတဲ့ အလီဘိုင်မှာ ရန်သူတွေလည်း မနည်းပါဘူး။ နောက်ဆုံး ကိုယ့်လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ သူ့ဘဝ ဘယ်ဘက်ကို ဆက်ဦးတည်သွားမလဲဆိုတာ ရင်ဆိုင်ရတော့မှာပါ။
ဇာတ်လမ်းအကြောင်း