ဇာတ်ကားများ ရွေးရန်

Shabaash Mithu

2022ဇာတ်ကားအမှတ် 6.3/10156 မိနစ်

ခရစ်ကတ်ဟာ အမျိုးသမီးတွေနဲ့ မဆိုင်ဘူးလို့ လှောင်ပြောင်ပြောဆိုခံရပေမယ့် ကလေးမလေးတစ်ယောက်ကတော့ ငယ်ငယ်ကတည်းက ဒီအားကစားကို အရူးအမူး နှစ်သက်ခဲ့ပါတယ်။ ရတဲ့နည်းနဲ့ ကစားခဲ့ပေမယ့် အရွယ်ရောက်လာချိန်မှာ သူ့အိပ်မက်ကို ကိုယ်တိုင် အကောင်အထည်မဖော်နိုင်တော့ဘူး။ အဲဒီအခါ သူ့အချစ်ဆုံးသူငယ်ချင်းက အဲဒီအိပ်မက်ကို ကိုယ်စားဖြည့်ဆည်းဖို့ ကြိုးစားလာပါတယ်။ အစွမ်းကုန် ကြိုးစားခဲ့တဲ့ သူငယ်ချင်းဟာ အသင်းခေါင်းဆောင် ဖြစ်လာသလို အသင်းကလည်း စွမ်းဆောင်ရည်ပြည့်ဝလာတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေအထိ တက်ရောက်ဖို့ ရည်မှန်းကြပြီး အဲဒီအထိ ရောက်နိုင်တဲ့အခြေအနေလည်း ရှိနေပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ထောက်ပံ့မှုမရသလို တစ်နှစ်တာအတွင်း ဝင်ပြိုင်နိုင်တဲ့ ပြိုင်ပွဲတွေကလည်း နည်းလွန်းတော့ ရှေ့ဆက်ရမယ့်လမ်း ပျောက်လာကြတယ်။ နောက်ဆုံးမှာ ကပ္ပတိန်က လက်လျှော့ပြီး ဇာတိကို ပြန်သွားသလို အသင်းသူတွေလည်း တစ်ကွဲတစ်ပြား ဖြစ်သွားကြပါတယ်။ ခရစ်ကတ်ကို အပြီးလက်လျှော့ပြီး အိမ်ထောင်ပြုကာ သာမန်ဘဝနဲ့ပဲ နေသွားတော့မလား၊ ကမ္ဘာ့အဆင့် ခရစ်ကတ်ပြိုင်ပွဲအထိ ရောက်အောင် ကြိုးစားနိုင်ဦးမလားဆိုတဲ့ အမျိုးသမီးအားကစားသမားတွေရဲ့အကြောင်းကို တာ့ပ်ဆီးပါနူး ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း