Ted K
တိုးတက်နေတဲ့ကမ္ဘာကြီးမှာ ခေတ်မှီနည်းပညာတွေနဲ့ဘယ်သူမှမကင်းကွာနိုင်ပါဘူး။ နေ့စဉ်နေထိုင်မှုပုံစံတွေမှာ၊ ရှင်သန်မှုပုံစံတွေမှာ နည်းပညာတွေကမပါမဖြစ်ပါဘဲ။ ဒါပေမယ့် လွန်ကျူးလာတဲ့လူသားတွေရဲ့စည်းကမ်းပျက်ယွင်းမှုကြောင့် ခေတ်မှီနည်းပညာတွေဟာ နေထိုင်ရာပတ်ဝန်းကျင်ကိုပျက်စီးစေတဲ့အဓိကရင်းမြစ်တွေဖြစ်လာခဲ့ပါတယ်။ ညစ်ညမ်းလာတဲ့ရေထု၊ လေထုနဲ့ မြေထုတွေဟာ လူသားမျိုးနွယ်ကိုပါပျက်စီးစေနိုင်တဲ့အထိ နည်းပညာတိုးတက်မှုကခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြဿနာတွေကိုတိုက်ရိုက်ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားခဲ့သူတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူကတော့ Ted Kaczynski ဆိုတဲ့တက္ကသိုလ်ကျောင်းကသင်္ချာဆရာတစ်ယောက်ပါပဲ။ သူဟာသဘာဝပတ်ဝန်းကျင်ကိုခြိမ်းခြောက်နေတဲ့ ခေတ်မှီနည်းပညာတွေကိုအမုန်းတီးကြီးမုန်းတီးတဲ့ နောက်ဆက်တွဲကတော့ နည်းပညာဖန်တီးသူတွေရဲ့အသက်အန္တရာယ်ကိုပါ ရန်ပြုလာတာပါပဲ။ ဇီဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပြီးထိန်းသိမ်းတာကောင်းမွန်ပေမယ့် လွန်ကဲလာတဲ့ သူ့ရဲ့စိတ်ဝေဒနာဆန်ဆန်ခံစားချက်တွေကြောင့် ကွင်းဆက်လူသတ်သမားတစ်ယောက်အဖြစ်ပါဖြစ်ခဲ့ရတဲ့ အကြောင်း Ted Kaczynski ရဲ့ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းလေးကို ပြန်လည်ရိုက်ကူးထားတာကတော့ Ted K ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ၂၀၂၂၊ ဖေဖော်ဝါရီ ၁၈ရက်နေ့မှာပြသခဲ့ပြီး crime & Historical Drama လေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း