Nope
ကယ်လီဖိုးနီးယားရဲ့ပြည်နယ်လေးတစ်ခုကတောင်ကြားထဲမှာ မွေးမြူရေးခြံတစ်ခြံရှိပြီး ဟေးဝဒ်မိသားစုကပိုင်ဆိုင်တာဖြစ်ပါတယ်။ ဟေးဝဒ်မိသားစုဟာ သူတို့ရဲ့ခြံမှာမြင်းတွေကိုလေ့ကျင့်ပေးသလို သူတို့လေ့ကျင့်ထားတဲ့မြင်းတွေကို စီးပွားရေးကြော်ငြာတွေနဲ့ တခြားဖျော်ဖြေရေးကိစ္စတွေမှာ ငှားရမ်းလေ့ရှိပါတယ်။ တစ်ရက်မှာ ဟေးဝဒ်သားအဖလေ့ကျင့်နေတုန်း ကောင်းကင်ပေါ်ကနေ ထူးဆန်းတဲ့ပစ္စည်းတွေပြုတ်ကျလာပြီး အဖေဖြစ်သူရဲ့မျက်စိကနေတစ်ဆင့် ခေါင်းထဲစိုက်ဝင်ကာသေဆုံးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူဆုံးပါးပြီးတဲ့နောက် အဲဒီခြံကို သားဖြစ်သူ အိုဂျေနဲ့သမီး အမ်မရို့ဒ်က အမွေဆက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အဖေသေဆုံးခဲ့ရတဲ့အကြောင်းအရင်းကို အိုဂျေတစ်ယောက်ရှာဖွေဖို့အတွက်ကြိုးပမ်းနေခဲ့ပါတယ်။ တစ်ရက်မှာ အိုဂျေ့ခြံထဲကမြင်းတွေဟာ ထူးဆန်းတဲ့အသံတွေထွက်လာပြီးရင် ကောင်းကင်ပေါ်ကပန်းကန်ပြားပျံလိုအရာရဲ့ယူဆောင်သွားတာကိုသူမြင်လိုက်ရပါတယ်။ ဒီထူးဆန်းတဲ့အရာကြောင့် သူ့အဖေသေဆုံးခဲ့ရတာဖြစ်မလား။ အဲဒီအရာကရော တကယ်ပန်းကန်ပြားပျံဖြစ်နေမလားဆိုတာကို ဟေးဝဒ်မောင်နှမနဲ့အတူတူ ရှာဖွေလိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း