ဇာတ်ကားများ ရွေးရန်

Honk for Jesus. Save Your Soul

2022ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ခရစ်ယာန်သင်းအုပ်ဆရာ လင်မယား နှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ သင်းအုပ်ဆရာချာလ်နဲ့ သူ့မိန်းမဟာ တစ်ခါကအရမ်းအောင်မြင်ခဲ့ကြတဲ့ တရားဟောသူတွေဖြစ်ခဲ့ကြပါတယ်။ အဆောင်အရောင်တွေနဲ့အတူ ကြွယ်ဝချမ်းသာတွေလည်း ဖြစ်ခဲ့ကြတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ လိင်တူချစ်သူတွေကိုဆန့်ကျင် ဟောပြောမိတာကြောင့် စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။ တရားရင်ဆိုင်အပြီးမှာတော့ သူတို့ပိုက်ဆံတွေလည်း ဆုံးရှုံးသွားခဲ့ရပြီး သူတို့ရဲ့ ဘုရားကျောင်းလေးကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဘဝဇာတ်လမ်းရိုက်ကူးရေးကို ရိုက်ကူးနေပြီး အီစတာနေ့မှာ ဘုရားကျောင်းပြန်ဖွင့်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ တစ်ဖက်မှာလဲ တက်သစ်စ သင်းအုပ်ဆရာလင်မယားဖြစ်တဲ့ ဆက်တာတို့ ပေါ်လာတာကြောင့် ချာလ်တို့ဆီကိုဝတ်ပြုသူတွေလာဖို့ ပိုခက်ခဲသွားခဲ့ပါတယ်။ သူတို့ဘယ်လိုကြိုးစားခဲ့လဲဆိုတာကို ဟာသဆန်ဆန် ဒရမ်မာဆန်ဆန် ကြည့်ရှုရမယ့် ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်သူကတော့ Adrian ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း