Causeway
ဒီဇာတ်လမ်းလေးကတော့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ရင်း အိုင်အီးဒီဗုံးပေါက်ကွဲမှုကြောင့် ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိမိဘဝကို အရင်လိုပုံမှန်အတိုင်းပြန်ပြီးနေထိုင်နိုင်အောင် ကြိုစားရုန်းကန်တဲ့ လင်ဇီ ဆိုတဲ့ စစ်အင်ဂျင်နီယာမလေးအကြောင်းကို ဇာတ်လမ်းဆင် ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် တာဝန်က ခတ္တအနားယူလိုက်ရတဲ့လင်ဇီတစ်ယောက် အထုပ်ဆွဲကာအိမ်ပြန်လာခဲ့ရပါတယ်။ မနေချင်လွန်းလို့ထွက်ပြေးခဲ့တဲ့အိမ်ကို မတတ်သာလို့ပြန်သွားရတဲ့အခါမှာတော့ လင်ဇီရဲ့ဦးနှောက်ရောဂါသက်သာသွားမှာလား ဒါမှမဟုတ် စိတ်ရောဂါပါတိုးသွားမှာလား။ အတိတ်အရိပ်ဆိုးရှိတဲ့ ဘဝတူအုတ်ကွိုင်ဆိုတဲ့မိတ်ဆွေတစ်ယောက်နဲ့ သိကျွမ်းကြပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ကျွမ်းဝင်ကြမှာလား ကူညီဖေးမကြမှာလား။ ဘဝမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဆင်းရဲဖွယ်ရာအတွေ့အကြုံတွေအပေါ် အခြေတည်ပြီး ဘယ်လိုအားတင်းရှင်သန်ကြသလဲဆိုတဲ့အကြောင်းကို မပျင်းရိစေရဘဲ ခပ်အေးအေးလေးရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ NaNa ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း