Qala
အနုပညာနဲ့အသက်မွေးဝမ်းကြောင်းပြုရတာဟာ အတက်အကျမြန်သလိုနာမည်ကြီးလာဖို့ဆိုတာကလည်း ထင်သလောက်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။အူရ်မီလာ မန်ဂျူရှရီးဆိုတဲ့အမျိုးသမီးဟာ ဂီတအနုပညာပိုင်းမှာ အကျော်အမော်တစ်ယောက်ဖြစ်ခဲ့ပြီး အကြောင်းကြောင်းကြောင့် အနုပညာလောကကိုကျောခိုင်းခဲ့ရပါတယ်။ အူရ်မီလာအိမ်ထောင်ကျပြီးနောက်မှာခင်ပွန်းသေဆုံးသွားတာကြောင့် အမြွှာလေးနှစ်ယောက်နဲ့ကျန်ရစ်ခဲ့ရပါတယ်။အမြွှာလေးနှစ်ယောက်ကိုမွေးဖွားချိန်မှာလည်း တစ်ယောက်သာအသက်ရှင်ကျန်ခဲ့ပြီးသမီးလေးကို 'ကွာလာ'လို့အမည်ပေးခဲ့ပါတယ်။ 'ကွာလာ့'အမေဖြစ်သူကဂီတအနုပညာတွေကို သမီးထံလက်ဆင့်ကမ်းသင်ပြပေးခဲ့ပြီး ထူးချွန်ထက်မြက်စေချင်စိတ်ပြင်းပြခဲ့ပါတယ်။မိခင်စကားကိုတစ်သွေမတိမ်းနားထောင်တဲ့ ကွာလာတစ်ယောက်အဆိုပညာကို အာရုံစိုက်ကြိုးစားသင်ယူခဲ့ပေမယ့် တစ်နေ့မှာတော့ဂျာဂန်ဆိုတဲ့လူငယ်တစ်ယောက်က မိသားစုထဲရုတ်ချည်းဝင်ရောက်လာခဲ့ပါတယ်။ ဂျာဂန်ဟာအဆိုကောင်းသူဖြစ်ပြီးယောင်္ကျားလေးလဲဖြစ်တာမို့ မိခင်ဖြစ်သူဟာဂျာဂန့်ကို ကွာလာ့ထက်ပိုအလေးပေးနေတယ်လို့ခံစားမိလာတဲ့ 'ကွာလာ'တစ်ယောက်၊ ဂျာဂန့်ထက်တော်အောင် မိခင်သတိထားမိစေဖို့ကြိုးစားပြရင်း အိပ်မက်မှားတွေနောက်လျှောက်လာမိတဲ့အခါ ဘယ်လိုအဆုံးသတ်ဖြစ်သွားမလဲဆိုတာကိုရသမျိုးစုံဖြင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း