ဇာတ်ကားများ ရွေးရန်

Plane

2023ဇာတ်ကားWeb-dl 4K SDR

မင်းသားကြီး Gerard Butler ဟာ ဒီဇာတ်ကားမှာ ကပ္ပတိန်ဘရော်ဒီတောရန့်စ်အနေနဲ့ သရုပ်ဆောင်ထားပြီး နှစ်သစ်ကူးနေ့မှာသူဟာ စင်္ကါပူကနေ တိုကျိုကိုလေယာဉ်ပြေးဆွဲခဲ့ရတာဖြစ်ပြီး အဲဒီခရီးစဉ်မှာ ခရီးသည်၁၄ယောက်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျံသန်းနေချိန်မှာပဲ မုန်တိုင်းကျရောက်နေတဲ့နေရာကိုဖြတ်လိုက်ရတဲ့အခါ မိုးကြိုးထိသွားပြီး လေယာဉ်ရဲ့လျှပ်စစ်စနစ်တွေနဲ့ အဆက်အသွယ်တွေအားလုံးပြတ်တောက်သွားပါတယ်။ ဒီလိုနဲ့ရှေ့ဆက်သွားလို့မရတော့ဘဲ အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ ဒါပေမဲ့ ကပ္ပတိန်တောရန့်စ် မထင်မှတ်ဘဲဆင်းလိုက်မိတဲ့နေရာက ​ပြန်ပေးသမားတွေကြီးစိုးနေတဲ့ ကျွန်းတစ်ကျွန်းဖြစ်နေပါတယ်။ အရေးပေါ်ဆက်သွယ်လို့ရမဲ့ အစိုးရမရှိ အာဏာပိုင်မရှိတဲ့နေရာမျိုးမှာ ခရီးသည်တွေနဲ့လေယာဉ်ကိုကာကွယ်ဖို့တာဝန်ရှိတဲ့ ကပ္ပတိန်တောရန့်စ်တစ်ယောက် ဘယ်လိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်မလဲဆိုတာကိုကြည့်ရှုလိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း