Varisu
မိသားစုတွေကြားမှာ စီးပွားရေးဆန်ဆန် စံနှုန်းတွေ သတ်မှတ်ပြီး မိသားစုဝင်အချင်းချင်း ယှဉ်ပြိုင်ခိုင်းလိုက်တဲ့အခါမှာ သွေးကွဲသွားပြီး သူ့ထက်ငါ သာလိုရေးအကြံနဲ့ မိသားစုအိမ်ဟာ နွေးထွေးရာကနေ ပိုက်ဆံချမ်းသာပြီး နွေးထွေးမှု မရှိတဲ့ အကျဉ်းထောင်လိုဖြစ်လာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ပြိုင်ဘက်မရှိ အောင်မြင်နေပေမယ့်လည်း အိမ်အတွင်းမှာလစ်ဟာနေတဲ့ ချစ်မေတ္တာတွေကြောင့် အပြင်ရန်သူတွေက အလွယ်တကူ ကြားဝင်သွေးခွဲခြင်းကို ခံခဲ့ရပါတယ်။ အဲ့လို ပြိုလဲသွားတဲ့အချိန် မိဘတွေ စိတ်ချမ်းသာဖို့ကို ဦးစားပေးတဲ့ မာစတာဗီဂျေးတစ်ယောက် ဒီမိသားစုကို ဘယ်လိုမျိုး စည်းလုံးလာအောင်၊ ချစ်မေတ္တာနားလည်မှုတွေနဲ့ ပြည့်ဝအောင် ဘယ်လိုမျိုး လုပ်ဆောင်ပေးမလဲဆိုတာ အပြင် ရန်သူတွေကိုကော ဘယ်လို ချေမှုန်းမလဲ ဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးကို ကြည့်ခြင်းဖြင့် မိဘနဲ့သားသမီးကြား ညီအစ်ကိုတွေကြားမှာရှိတဲ့ နားလည်မှုလွဲတာတွေကို ဖြေရှင်းပေးနိုင်တဲ့အတွက် မိသားစုစုံစုံလင်လင်နဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း