Marlowe
ကျွမ်းကျင်အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဖိလစ်မာလော့ဆီကို တစ်ရက်မှာ ရွှေရောင်ဆံပင်ဖျော့နဲ့လှပကြော့ရှင်းပြီး ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပါတယ်။ အကြောင်းကတော့ သူ့ရဲ့ပျောက်ဆုံးနေတဲ့ချစ်သူ နီကိုပီတာဆန်ကိုရှာဖို့အတွက်ပါ။ နီကိုပီတာဆန်က ရုပ်ရှင်ထုတ်လုပ်ရေးမှာအစစအရာရာတာဝန်ယူလုပ်ဆောင်ပေးရတဲ့သူပါ။ စုံထောက်မာလော့ လိုက်စုံစမ်းရာကနေသိလိုက်ရတာက နီကိုပီတာဆန်ဟာ လူချမ်းသာကလပ်တစ်ခုအရှေ့မှာ အရက်မူးပြီးလဲနေချိန် ခေါင်းကိုကားနဲ့တက်ကြိတ်ခံရပြီး သေဆုံးသွားတဲ့သူဖြစ်နေပါတယ်။ သေဆုံးသွားတဲ့လူတစ်ယောက်ကို အဲဒီအမျိုးသမီးက ဘာကြောင့်ရှာချင်နေရတာလဲ။ ဘယ်လိုအကြောင်းအရင်းတွေကြောင့် သေခဲ့ရတာလဲ။ ဒီလိုအရှုပ်အထွေးကြီးတစ်ခုထဲမှာ စုံထောက်မာလော့တစ်ယောက် ဘယ်လိုအမှုပတ်သွားမလဲဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း