ဇာတ်ကားများ ရွေးရန်

Bear Man

2023ဇာတ်ကားWeb-dl 1080p

တိရစ္ဆာန်သုတေသနပညာရှင်တစ်ဦးကတိရစ္ဆာန်လေးတွေကိုလေ့လာရင်းနဲ့ဝက်ဝံကမွေးတဲ့လူသားကလေးလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီကလေးလေးကိုမွေးစားခဲ့ပြီး ၂၅ နှစ်တာကြာမြင့်သွားခဲ့ပါတယ်။ကြီးပြင်းလာခဲ့တဲ့ဝက်ဝံကလေးလေးကအသက်ကြီးတဲ့အခါမှာ ၂၅ နှစ်သာရှိသေးပေမဲ့ အရွယ်ကတော့ ၅၂ နှစ်လောက်ထင်ရအောင်ကိုအိုမင်းနေပါတယ်။ဒါပေမယ့်ဝက်ဝံတစ်ကောင်ရဲ့ခွန်အားတွေစွမ်းအားတွေသူ့မှာအကုန်ရှိပြီးလူတိုင်းကိုလဲကူညီတတ်တဲ့ရိုးရိုးအအလူတစ်ယောက်ဖြစ်တဲ့အတွက်တစ်ရွာလုံးကလဲသူ့ကိုချစ်ခင်ကြပါတယ်။သူကရဲတစ်ယောက်လဲဖြစ်ခဲ့ဖူးပြီးသူ့ရဲ့အလွဲတွေကြောင့်အလုပ်ပြုတ်ခဲ့တဲ့လူတစ်ယောက်လဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူ့ညီရဲ့ကောင်းမှုနဲ့အဖမ်းခံရပြီးနောက်မှာသူနဲ့ချွတ်စွပ်တူနေတဲ့လူဆိုးတစ်ယောက်ကိုဖမ်းဆီးဖို့အတွက်ရဲတစ်ယောက်အဖြစ်စစ်ဆင်ရေးပြန်လုပ်ခဲ့ရပါတော့တယ်။တကယ်တော့သူနဲ့ချွတ်စွပ်တူနေတဲ့လူဆိုးကသူမထင်မှတ်ထားတဲ့လူတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့စစ်ဆင်ရေးကရောအောင်မြင်သွားမလားဆိုတာကိုဟာသဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားဘာသာပြန်ဆိုသူနဲ့ အညွှန်းရေးသားသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း