ဇာတ်ကားများ ရွေးရန်

Extraction II

2023ဇာတ်ကားWeb-dl 4K SDR

လူကယ်ထုတ်တဲ့နေရာမှာဆရာကြီးတစ်ပါးဖြစ်တဲ့ Thor မင်းသား Chris Hemsworth ရဲ့အက်ရှင်ကားကြမ်းကြမ်း Extraction 2 ထွက်ရှိလာခဲ့ပါပြီ။ဒီကားထဲမှာတော့အရေးကြီးတဲ့လူတွေအများကြီးကိုကယ်ထုတ်ပေးနိုင်ခဲ့တဲ့တိုင်လာရိတ်ကပထမကားအပြီးမှာဒဏ်ရာတွေအများကြီးရရှိပြီးမသေရုံတမယ်ဖြစ်နေခဲ့ပါတယ်။ဒါပေမယ့်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကျေးဇူးနဲ့အသက်ဆက်ရှင်နိုင်ခဲ့ပြီးနောက်မှာအငြိမ်းစားယူခဲ့ရပါတော့တယ်။ဒါပေမယ့်အမြဲတမ်းလှုပ်လှုပ်ရှားရှားနေတတ်တဲ့လူတစ်ယောက်အတွက်အငြိမ်းစားယူဖို့ဆိုတာကမလွယ်ကူခဲ့ပါဘူး။တစ်နေ့မှာတော့သူအနားယူနေတဲ့နေရာအထိအလုပ်အပ်မဲ့သူတစ်ယောက်ကရောက်လာပါတော့တယ်။အဓိကစစ်ဆင်ရေးကတော့နာဂါဇီဆိုတဲ့ဒုစရိုက်ဂိုဏ်းကြီးကိုဦးစီးနေတဲ့ညီအစ်ကိုနှစ်ယောက်ထဲကညီဖြစ်သူဖမ်းထားခဲ့တဲ့မိသားစုတစ်စုကိုကယ်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့လှုပ်လှုပ်ရွရွဖြစ်နေတဲ့တိုင်လာတစ်ယောက်စစ်ဆင်ရေးလောကထဲကိုပြန်ဝင်ပြီးညီအစ်ကိုနှစ်ယောက်နဲ့သွားရှုပ်တဲ့အခါမှာဘာတွေဆက်ဖြစ်မယ်ဆိုတာကိုအက်ရှင်ခန်းအကြမ်းစားတွေအများကြီးနဲ့တဝကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း