ဇာတ်ကားများ ရွေးရန်

Guardians of the Galaxy Vol. 3

2023ဇာတ်ကားWeb-dl 4K SDR

စောင့်မျှော်နေသူများအတွက် Guardians of the Galaxy Vol 3 လာပါပြီဗျာ။Guardians of the Galaxy ရဲ့ထုံးစံအတိုင်းဒီတစ်ခေါက်လဲစောင့်ရတာကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။Fan တွေတော်တော်များများလဲအကြောင်းသိဖြစ်နေပြီးသားဆိုတော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပဲမြန်မြန်ပြောလိုက်ပါတော့မယ်။ဇာတ်လမ်းအစမှာတော့စတားလော့ဒ်ကလဲဂါမိုရာကြောင့်အသည်းတွေကွဲပြီးမူးပြဲနေတဲ့အချိန် Guardian တွေကလဲငြိမ်းငြိမ်းချမ်းချမ်းနေနေတဲ့အချိန်မှာဘယ်ကမှန်းမသိတဲ့ရွှေရောင်ကောင်ကြီးကသူတို့ကိုလာတိုက်ခိုက်ပါတော့တယ်။သူ့ကိုအနိုင်ပြန်တိုက်နိုင်ခဲ့ပေမဲ့ Guardian တွေလဲတော်တော်အထိနာသွားခဲ့ပါတယ်။သူတို့ထဲကမှအထိအနာဆုံးကတော့ရော့ကက်ဖြစ်ခဲ့ပါတယ်။သူ့ကိုကုသဖို့ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ထားတဲ့သတ်ဖြတ်တဲ့ခလုတ်ကြောင့်ရော့ကက်ကိုကုသပေးလို့မရဖြစ်နေပါတယ်။ဒီလိုနဲ့ရော့ကက်ကိုကုသပေးနိုင်ဖို့အဲ့ဒီခလုတ်ကိုဖြုတ်ဖို့လုပ်ရင်းနဲ့ဒီကားရဲ့ဗီလိန်ဖြစ်တဲ့ဟိုးအရင်ကရော့ကက်ကိုစမ်းသပ်ခဲ့တဲ့စမ်းသပ်ခန်းခေါင်းဆောင်ဆီပြန်ရောက်သွားပါတော့တယ်။ဒီကားထဲမှာတော့ရော့ကက်ရဲ့ဇာတ်ကြောင်းအစုံနီးပါးကိုလဲတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထုံးစံအတိုင်းစကြဝဠာထဲကတိုက်ပွဲတွေက Guardian တွေအတွက်တော့လွယ်မှာမဟုတ်ပါဘူး။Guardians တွေရော့ကက်ကိုကယ်တင်နိုင်မလား။ရော့ကက်နဲ့ဒီဇာတ်ကားရဲ့ဗီလိန်ကရောဘယ်လိုအကန့်တွေရှိခဲ့တာလဲ ဘာအကြံအစည်တွေရှိနေတာလဲဆိုတာကိုကြည့်ရှုရမဲ့ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း