Waktu Maghrib
သရဲကားတွေထဲမှာတော်တော်လေးမဆိုးဘူးလို့ပြောရမဲ့ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့အင်ဒိုသရဲကားလေးဖြစ်ပြီး Youtube မှာတင်ထားတဲ့ဗီဒီယိုအတို "Waktu Maghrib" ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အာဒီနဲ့ဆာမန်တို့ကရွာလေးတစ်ရွာမှာနေထိုင်တဲ့အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးကျောင်းလဲအမြဲတမ်းအတူတူနောက်ကျပါတယ်။နောက်ကျတိုင်းလဲဆရာမရဲ့အဆူအဆဲကိုအမြဲတမ်းခံနေရပြီးအမြဲတမ်းနှစ်ယောက်သားအတူတူအပြစ်ပေးခံရပါတယ်။သူတို့ရွာမှာကညဘက်မိုးချုပ်တာနဲ့အပြင်ထွက်တာမကောင်းဘူးဆိုတဲ့အယူအဆတစ်ခုရှိပါတယ်။တစ်နေ့မှာတော့ညဘက်ပြမဲ့ပွဲတစ်ခုကိုသူငယ်ချင်းနှစ်ယောက်သားမရမကသွားမယ်လို့ဆုံးဖြတ်ရင်းနဲ့တခြားရွာမှာလုပ်မဲ့အဲ့ဒီပွဲကိုသွားဖို့သူငယ်ချင်းနှစ်ယောက်ကားကြုံလိုက်စီးခဲ့ပါတော့တယ်။ကားပေါ်မှာသူငယ်ချင်းနှစ်ယောက်သားစကားတွေပြောရင်းနဲ့ဆာမန်ကဆရာမကိုသေစေချင်တယ်လို့ပြောလိုက်ပါတော့တယ်။သိပ်မကြာခင်မှာပဲသူတို့ရဲ့ဆရာမကမတော်တဆဖြစ်ပြီးဆုံးပါးသွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းဆာမန်တစ်ယောက်အရင်နဲ့မတူပဲသရဲပူးကပ်ခံရသလိုတွေဖြစ်လာပြီးသူတို့ရဲ့ရွာလေးမှာလဲကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုထိတ်လန့်စရာစိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း