ဇာတ်ကားများ ရွေးရန်

Rama Banam

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့Teluguအက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Ramabanamဆိုတဲ့၂၀၂၃ထွက်အက်ရှင်ဒရာမာကို တင်ဆက်ပေးလိုက်ပါတယ် ညီအကိုတွေဖြစ်ပေမဲ့ခံယူချက်ချင်းမတူကြတဲ့ ရာဂျာရမ်နဲ့ဗစ်ကီဟာငယ်ငယ်တုန်းက အချင်းများကြပြီးဗစ်ကီတစ်ယောက် မိသားစုကိုထားပစ်ခဲ့ကာ၁ယောက်တည်း ကိုလ်ကာတာကိုရောက်လာပါတယ် နဂိုကတည်းကကိုယ့်ကိုလာထိရင်ခေါင်းငုံ့မခံပဲ ပြန်တုံ့ပြန်တဲ့ဗစ်ကီဟာ သူ့အစ်ကိုဖြစ်သူရဲ့စကားကြောင့် မခံချင်စိတ်နဲ့ကြိုးစားရင်းချမ်းသာလာပါတော့တယ် ၁၄နှစ်ကြာပြီးနောက်သူ့ရည်းစားဖြစ်သူဘိုင်ရာဗီ့ကိုအစပြုလို့ သူ့မိသားစုဆီပြန်ဖို့ကံကြမ္မာဖန်လာချိန်မှာတော့ ဗစ်ကီတစ်ယောက်အစ်ကိုဖြစ်သူမိသားစုဆီ ပြန်သွားရပြီး သူပြန်ရောက်သွားချိန်မှာလည်း အစ်ကိုဖြစ်သူရဲ့ရိုးသားဖြောင့်မတ်တဲ့စိတ်ဓာတ်ကြောင့် သူလုပ်ငန်းအမှန်ကိုမသိစေပဲ ဖုံးကွယ်နေထိုင်နေရပါတော့တယ် တစ်နေ့မှာတော့ အစ်ကိုဖြစ်သူမိသားစုဟာလည်း သူ့ကိုကိစ္စကြီးတစ်ခုဖုံးကွယ်ထားတယ်ဆိုတာကို သိသွားချိန်မှာတော့ ဗစ်ကီ၁ယောက်ဘာတွေဆက်လုပ်မလဲ ညီဖြစ်သူရဲ့အလိမ်ညာကိုရာဂျာရမ်သိရှိသွားချိန်မှာလည်း ညီအကိုကြားစိတ်ဝမ်းကွဲသွားပြီးနောက် သူတို့မိသားစုကိုချောင်းနေတဲ့ရန်သူတွေရဲ့ အကြံစည်တွေကြားထဲမှာ သူတို့ဘယ်လိုလူးလိမ့်တောင့်ခံကြမလဲ အစရှိသဖြင့်ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာဖြစ်ပြီး ညီအကိုကြားကချစ်မေတ္တာကိုပါကြ်ည်နူးစွာ တွေ့မြင်ရမှာဖြစ်ပါတယ်... ဒီကားအညွန်းနဲ့ဘာသာပြန်သူကတော့ Khin Khin ဖြစ်ပါတယ်...

ဇာတ်လမ်းအကြောင်း