Your Lucky Day
သိန်းသောင်းနဲ့သန်းနဲ့ချီတဲ့ထီဆုကြီးကို ကိုယ်သာပေါက်သွားခဲ့ရင်ဘယ်လိုခံစားရပါမလဲ။ကမ္ဘာပေါ်မှာကံအကောင်းဆုံးလူအဖြစ်တောင်ကိုယ့်ကိုယ်ကိုယ်ခံစားမိရလောက်ပါတယ်။ဒါပေမယ့်ဒီကားထဲမှာထီပေါက်သွားတဲ့လူကတော့ကမ္ဘာပေါ်မှာကံအဆိုးဆုံးလူဖြစ်သွားခဲ့ပါတော့တယ်။ဘာလို့လဲဆိုတော့ထီပေါက်လို့ဆိုပြီးစတိုးဆိုင်မှာပျော်လို့ထအော်တဲ့အချိန်မှာဘေးနားမှာဘူနေတဲ့ဆေးအရောင်းအဝယ်လုပ်တဲ့ဆေးသမားတစ်ယောက်ရှိနေလို့ပါပဲ။ဒီလိုနဲ့ဆေးသမားလဲဖြစ်ချင်ရာဖြစ်ဆိုပြီးအဲ့ဒီထီလက်မှတ်ကိုသေနတ်ထောက်လုပါတော့တယ်။ဖြစ်ချင်တော့အဲ့ဒီအချိန်ဆိုင်ထဲမှာသန့်စင်ခန်းသွားနေတဲ့ရဲထွက်လာပြီးဗလုံးဗထွေးတွေဖြစ်ကြတဲ့အချိန်မှာထီပေါက်တဲ့လူနဲ့ရဲဖြစ်သူသေပြီးဆေးသမားရယ်ဆိုင်ရှင်ရယ်ဗိုက်ကြီးသည်လင်မယားနှစ်ယောက်ရယ်ပဲကျန်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ဆေးသမားရဲ့သေနတ်ထောက်နေတာကတစ်ကြောင်း ကိုယ်တိုင်လိုချင်လောဘကလဲရှိနေတာကြောင့်တစ်ကြောင်းလေးယောက်သားပူးပေါင်းလိုက်ကြပြီးအဲ့ဒီပိုက်ဆံကိုရယူနိုင်ဖို့ကြိုးစားကြတဲ့လူတွေရဲ့လောဘကကြောက်စရာကောင်းပုံကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း