ဇာတ်ကားများ ရွေးရန်

The Marvels

2023ဇာတ်ကားWeb-dl 4K SDR

ဒီဇာတ်ကားလေးဟာ Captain Marvels ရဲ့ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ထူးခြားတာက မိန်းကလေးစူပါဟီးရိုးတွေပဲပါဝင်ထားသလို ကိုးရီးယားမင်းသား ပတ်ဆောဂျူးကိုလည်း ပွဲထုတ်လာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ချိန်တုန်းက ကပ္ပတိန်မာဗယ်ဟာ စက်ဥသျှောင်ကို ဖျက်ဆီးခဲ့တဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဟာလာဂြိုလ်ကြီး ပျက်စီးသွားခဲ့ပါတယ်။ ခရီးရ်မျိုးနွယ်ခေါင်းဆောင်ဒါဘန်းဟာ အဲဒီကိစ္စကို လက်စားပြန်ချေဖို့အတွက် ရှေးဟောင်းလက်ပတ်တစ်စုံကိုလိုက်ရှာနေခဲ့ပါတယ်။ ဂျာစီမြို့က ကမာလာခန်းဆိုတဲ့ ကောင်မလေး(မစ္စမာဗယ်)မှာ သူ့အဘွားပေးခဲ့တဲ့လက်ပတ်တစ်ခုရှိနေပြီး တစ်နေ့မှာတော့ လက်တည့်စမ်းရင်း အာကာသထဲက ခုန်မှတ်တစ်ခုကိုဖွင့်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကပ္ပတိန်မာဗယ်နဲ့ကပ္ပတိန်ရမ်းဘူးတို့တာ ခုန်မှတ်သွားစစ်ဆေးရင်း အမှတ်မထင်ထိလိုက်မိပြီး ကပ္ပတိန်မာဗယ်၊ ကပ္ပတိန်ရမ်းဘူး၊ မစ္စမာဗယ်တို့ကြားမှာ အလိုအလျောက်နေရာပြောင်းလဲမှုတွေဖြစ်ကုန်ပြီး ရှုပ်ထွေးကုန်ပါတော့တယ်။ အဲဒီတော့ ဒါဘန်းရဲ့အကြံအစည်ကို သုံးယောက်သားဘယ်လိုတားဆီးကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း