ဇာတ်ကားများ ရွေးရန်

The Adventures

2023ဇာတ်ကားWeb-dl 1080p

Adventures ရုပ်ရှင်တွေ၊ ဝတ္ထု တွေဖတ်ရတာကြိုက်တဲ့ Joy တစ်ယောက် မနှစ်သက်တဲ့အတွင်းရေးမှူးအလုပ်ကိုလုပ်ရင်း သူဌေးနဲ့အတူ ရှန်ဟိုင်းမှာမီတင်တက်ဖိုရောက်လာခဲ့တယ်။ခရီးသွားရတာကြိုက်ပြီး ရှေးဟောင်းပစ္စည်းတွေစုစည်းရတာကြုက်တဲ့ Ricky တစ်ယောက် တရုတ်ပြည်မှာဘဲ ရှေးဟောင်းပစ္စည်းရောင်းရင်း သုံးနှစ်ခန့် သောင်တင်နေတဲ့အချိန် ရှေးဟောင်းပစ္စည်းဆိုင်မှာ လက်‌ေဆာင်လာဝယ်တဲ့ Joy နဲ့ ရှေးဟောင်းကြောင်ရုပ်တစ်စုံကို တူတူဝယ်ဖို့ဖြစ်လာခဲ့တယ်။ ညတွင်းချင်း Joy လဲအလုပ်ပြုတ်၊ Ricky လည်းသူ့အဖေကားကို ပြန်ရွေးဖိုပိုက်ဆံမရှိချိန် မထင်မှတ်ဘဲ သူတိုဝယ်ခဲ့တဲ့ကြောင်ရုပ်ထဲကနေ ရတနာမြေပုံအပိုင်းအစတွေကို ရှာတွေ့ခဲ့တယ်။ အကြွေးတွေနစ်နေတဲ့သူတိုနှစ်ယောက် ရတနာရလိုရငြား မြေပုံနောက်ကိုလိုက်ကြပါတော့တယ်။ သူတိုနှစ်ယောက်ရဲ့ ရတနာရှာပုံတော်ခရီးစဉ်ဟာ ချောချောမွေ့မွေ့အောင်မြင်မလား။ အဆုံးသတ်မှာ ရတနာတကယ်ရှိသလား။သူ့အကြွေးတွေကိုရောဆပ်နိုင်မှာလား။ Comedy, Adventure ဇာတ်လမ်းလေးမို ရယ်လေးရယ်ရ စိတ်လဲလှုပ်ရှားရမှာအမှန်ပါဘဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zun Hnin ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း