Inhuman Kiss: The Last Breath
အချစ်ဆိုတဲ့အရာကကမ္ဘာပေါ်မှာအချိုမြိန်ဆုံးအရာဖြစ်သလို တစ်ခါတစ်လေမှာအနာကျင်ရဆုံးအရာလဲဖြစ်နိုင်ပါတယ်။၁၅၀၀ ၅၂၈ ဘယ်အချစ်မဆိုကံကောင်းတဲ့လူတွေကပျော်ရွှင်မှုရကြပြီး ကံမကောင်းတဲ့လူတွေကတော့ဝမ်းနည်းရပါတယ်။အခုတင်ဆက်ပေးမဲ့ Inhuman Kiss The Last Breath (Sang Krasue 2) ဆိုတဲ့ထိုင်းဇာတ်ကားလေးကလဲ Horror နဲ့ဒရာမာကိုပေါင်းစပ်ပြီးတော့ပရိသတ်တွေရဲ့ရင်ထဲမှာအချစ်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီးတစ်ခုခုတော့ထင်ကျန်နေခဲ့အောင်လုပ်ပေးနိုင်မဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ကျေးရွာလေးတစ်ခုမှာနေထိုင်တဲ့ဆာအိုဆိုတဲ့ကောင်မလေးမှာငယ်ငယ်လေးကတည်းကရောဂါတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒီရောဂါကတော်ရုံတန်ရုံရိုးရိုးရောဂါမဟုတ်ပဲမကောင်းဆိုးဝါးပူးကပ်ခံနေရတဲ့ရောဂါဖြစ်ပါတယ်။အဲ့ဒါကြောင့်အဖေဖြစ်သူကအဲ့ဒီရောဂါပျောက်ကင်းအောင်ဘုရားကျောင်းကဖာသာဆီကနေဆေးဝါးတွေတိုက်ခဲ့ပေမဲ့လဲဘာမှမထူးခဲ့ပါဘူး။ အဲ့လိုဘုရားကျောင်းသွားရင်းကနေဆာအိုကကလောင်ဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားခဲ့ပြီးသူငယ်ချင်းမရှိတဲ့ကလေးနှစ်ယောက်ကြားမှာသံယောဇဉ်တွေပေါက်ဖွွားခဲ့ပါတော့တယ်။ဒါပေမယ့်ဆာအို့ရောဂါအရမ်းပြင်းထန်လာပြီးနောက်ရက်မှာတော့သူ့ရဲ့လုံခြုံရေးအတွက်အဖေဖြစ်သူနဲ့အတူတူတစ်နယ်တစ်ကျေးကိုပြောင်းခဲ့ရပါတော့တယ်။ဒီလိုနဲ့ဆာအိုနဲ့ကလောင်တို့ကွဲကွာသွားခဲ့ရပြီးနောင် ၁၀ နှစ်ကျော်ကြာတဲ့အချိန်သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ် ဆာအို့ရောဂါကရောပျောက်ကင်းသွားနိုင်ပါ့မလားဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း