ဇာတ်ကားများ ရွေးရန်

Code 8: Part II

2024ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီတစ်ခါတော့ သဘာဝလွန်စွမ်းအားတွေနဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ Action, Crime, Drama အမျိုးအစား ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Code 8 ရဲ့အဆက်ဖြစ်ပါတယ်။ လင်ကွန်းစီးတီးဟာ စွမ်းအားရှင်တွေနဲ့ လူတွေနဲ့ အတူယှဉ်တွဲကာနေထိုင်ကြတဲ့ မြို့လေးတစ်မြို့ပါ။ စွမ်းအားရှင်တွေကို ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်မှာ ပိုပြီးအလုပ်တွင်တဲ့အတွက် ငှားရမ်းအသုံးပြုကြပါတယ်။ ဒါပေမဲ့ စက်မှုနည်းပညာတွေ ထွန်းကားလာတဲ့နောက်မှာတော့ စွမ်းအားရှင်တွေရဲ့နေရာမှာ စက်ယန္တရားတွေက နေရာဝင်ယူလာပြီး စွမ်းအားရှင်တွေဟာ တဖြည်းဖြည်းနဲ့ အပယ်ခံဘဝကို ရောက်သွားပါတော့တယ်။ ဆိုးကျိုးအနေနဲ့တော့ ရာဇဝတ်မှုတွေများလာပြီး ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုးပေါ်လာခဲ့ပါတယ်။ ဆိုက်ခ်ဆေးကို စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်နဲ့ ပြုလုပ်တာဖြစ်ပြီး အလုပ်လက်မဲ့စွမ်းအားရှင်တွေဟာ ကျောရိုးအရည်ကို ထုတ်ရောင်းကြသလို တချို့တွေကတော့ ဆိုက်ခ်ဆေးကို ရောင်းဝယ်ဖောက်ကားကြပါတယ်။ လျှပ်စစ်အဆင့်-၅ စွမ်းအားရှင် ကွန်နီဟာ စွမ်းအားရှင်တွေအားလုံးရဲ့ကိုယ်စား ထောင်အကျခံခဲ့ရမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂဲရက်က စွမ်းအားရှင်အားလုံးရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။ ဂဲရက်ဟာ ရဲအရာရှိတစ်ယောက်နဲ့ ပူးပေါင်းပြီး ဆိုက်ခ်ကိုရောင်းဝယ်ဖောက်ကားနေတာပါ။ တစ်နေ့မှာတော့ အဲဒီကိစ္စကို အမှတ်မထင်သိရှိသွားတဲ့ စွမ်းအားရှင်တစ်ယောက် အသတ်ခံလိုက်ရပြီး ညီမဖြစ်သူက ကွန်နီဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတဲ့အခါ မတရားမှုကို ခေါင်းငုံ့မခံတတ်တဲ့ ကွန်နီဟာ ဒီကိစ္စကိုဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း