Argylle
Superman မင်းသား Henry Cavill အပြင် The Rock နဲ့အပြိုင်နာမည်ကြီးမင်းသား John Cena နဲ့မားသားဖားကားကြီး အပြင် အဆိုတော်မချောချောလေး Dua Lipa နဲ့တခြားနာမည်ကြီးမင်းသားမင်းသမီးများစွာပါဝင်သရုပ်ဆောင်ထားတဲ့ကြမ်းကြမ်းလန်းလန်းအက်ရှင်ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ Argylle ဖြစ်ပြီး IMDb Rating 6.0 ရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့အရမ်းနာမည်ကြီးတဲ့အာဂိုင်လ်ဆိုတဲ့စပိုင်၀တ္ထုထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေကိုတွေ့မြင်ရမှာဖြစ်ပြီး အဲ့ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့၀တ္ထုတွေကိုရေးသားသူကတော့အယ်လီဆိုတဲ့စာရေးဆရာမပဲဖြစ်ပါတယ်။အခုလဲငါးအုပ်မြောက်စာအုပ်ရေးဖို့အတွက်စာမူကြမ်းကိုသူ့အမေဆီပို့ပြီးတိုင်ပင်ပြီးတဲ့နောက်မှာနည်းနည်းထပ်ရေးဖို့လိုနေသေးတဲ့အတွက်အမေဖြစ်သူအတူတူစဉ်းစားပြီးရေးဖို့ရထားတစ်စီးနဲ့သူ့အမေဆီထွက်လာပါတော့တယ်။ ဒါပေမယ့်ရထားပေါ်မှာသူ့စာအုပ်ထဲကစိတ်ကူးယဉ်စပိုင်တွေမဟုတ်ပဲတကယ့်စပိုင်တစ်ယောက်နဲ့လာတွေ့ခဲ့ပြီးအဲ့ဒီအချိန်ကစလို့အယ်လီ့ဘ၀ကပြောင်းလဲသွားတော့ပါတယ်။ကြောင်လေးတစ်ကောင်နဲ့အေးအေးဆေးဆေးနေထိုင်တတ်တဲ့စာရေးဆရာမအပျိုကြီးအယ်လီကအဲ့ဒီစပိုင်နဲ့တွေ့ပြီးနောက်မှာကျည်ဆံတွေအန္တရာယ်တွေကြားကပြေးလွှားနေရပြီး အန္တရာယ်အကြီးဆုံးစပိုင်အဖွဲ့အစည်းကြီးတစ်ခုရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရတဲ့အခါမှာတော့ သူ့ကိုလိုက်ဖမ်းနေရတဲ့အကြောင်းအရာတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ ဘယ်လိုလျှို့ဝှက်ချက်တွေကိုရောအယ်လီတွေ့လာရမလဲဆိုတာကိုအယ်လီနဲ့အတူတူလိုက်ပါစီးမြောရင်း Plot Twist ပေါင်းများစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း