ဇာတ်ကားများ ရွေးရန်

Origin

2023ဇာတ်ကားWeb-dl 1080p

**စိတ်ဒဏ်ရာတွေကို လျစ်လျူရှုလိုက်ရုံနဲ့ မလွတ်မြောက်နိုင်ဘူး။ ရင်ဆိုင်လိုက်မှသာ လွတ်မြောက်နိုင်တယ်။** ဒီတစ်ခေါက်မှာတော့ စာရေးဆရာမကြီး အစ္စဘယ်ဝေလ်ကာဆန်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး သမိုင်းကြောင်းတွေပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စာရေးနေရာကနေ ရပ်နားထားပြီး အသက်ကြီးနေတဲ့ အမေကိုသာ အဖော်ပြုနေတဲ့ **အစ္စဘယ်** ... တစ်နေ့မှာတော့ လူဖြူရဲတစ်ယောက်ကြောင့် လူမည်းကောင်လေးတစ်ဦး သေဆုံးခဲ့ရာကနေစလို့ အသိမိတ်ဆွေတစ်ယောက်က အစ္စဘယ်ကို စာရေးပေးဖို့ ကမ်းလှမ်းလာပါတော့တယ်။ စာရေးတာကို နားထားပေမဲ့ လူမည်းကောင်လေး မှားယွင်းအသတ်ခံလိုက်ရတဲ့ဖြစ်စဉ်က အသံဖိုင်ကို နားထောင်လိုက်ရတဲ့အခါမှာတော့ သူဟာ လူမျိုးရေးခွဲခြားမှုအကြောင်းကို စာရေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီလိုဝမ်းနည်းစရာဖြစ်ရပ်တွေအကြောင်း စာရေးရမဲ့ အစ္စဘယ်တစ်ယောက် သူ့အနားကသူတွေကို ဆက်တိုက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာတော့... သူ့ကိုယ်သူ ဘယ်လိုပြန်ရပ်တည်မလဲ... ခရီးတွေထွက်ပြီး သူ့စာအုပ်ကို အဆုံးသတ်ဖို့ ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ **IMDB 7.2** အထိ ရရှိထားတဲ့ ဒီဇာတ်လမ်းထဲမှာ နာဇီတွေလက်ထဲက ဂျူးတွေရဲ့ အဖိနှိပ်ခံဘဝတွေ အမေရိကမှာရှိတဲ့လူမည်းတွေအကြောင်းနဲ့ အိန္ဒိယက လူမျိုးရေးခွဲခြားမှုတွေကို စုံလင်အောင် တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ **Max** ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း