Abigail
**Abigail** ရုပ်ရှင်ဟာ Horror, Thriller တွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ Vampire ဇာတ်လမ်းမျိုးကိုမှ ချောက်ချောက်ချားချား ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖွဲ့တစ်ဖွဲ့က အသက် (၁၂) နှစ်အရွယ် ချစ်စရာ ဘဲလေးအကမယ်တစ်ယောက်ကို ပြန်ပေးဆွဲဖမ်းခေါ်သွားရာကနေ ကြုံတွေ့လာရတဲ့ အန္တရာယ်တွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ သီချင်းလေးနဲ့အတူ လှလှပပ ကနေတဲ့ ကလေးမလေး **အက်ဘီဂေးလ်** ကို တွေ့မြင်ရမှာပါ။ မကြာခင်မှာပဲ ဖရန့်ခ် ဦးဆောင်တဲ့အဖွဲ့ကနေ သူ့ကို မေ့ဆေးထိုးပြီး ပြန်ပေးဆွဲ ဖမ်းခေါ်သွားပါတယ်။ အဲဒီကနေ သူတို့ရဲ့ခေါင်းဆောင်ရှိရာ ခဏတာ ပုန်းအောင်းမဲ့ အိမ်ကြီးတစ်အိမ်ဆီကို ရောက်သွားတဲ့အခါမှာတော့ ကောင်မလေးကို သီးသန့်အခန်းတစ်ခုမှာထားပြီး သူ့အဖေကို ငွေလှမ်းတောင်းဖို့ လုပ်ကြပါတယ်။ အဲဒီကနေတစ်ဆင့် ကောင်မလေးအဖေရဲ့နာမည်က ပုံပြင်တွေထဲက သွေးစုပ်ဖုတ်ကောင်ရဲ့နာမည်နဲ့တူနေမှန်း သိသွားတဲ့အခါမှာတော့ မယုံတဲ့သူရှိသလို ယုံတဲ့သူကလည်း ကြောက်လန့်ပြီး အဖွဲ့ထဲမှာ စိတ်ဝမ်းကွဲကုန်ပါတော့တယ်။ နောက်တော့ အဖွဲ့သားတွေ သေကုန်ရာကနေစလို့ သူတို့ဖမ်းခေါ်လာတဲ့ကောင်မလေးက တကယ့် သွေးစုပ်ဖုတ်ကောင် ဖြစ်နေမှန်းပါ သိသွားကြတဲ့ အခါမှာတော့.... ဖရန့်ခ်တို့အဖွဲ့က အိမ်ကြီးထဲမှာ သွေးစုပ်ဖုတ်ကောင်ရဲ့ရန်ကနေ ဘယ်လိုရှင်သန်အောင် နေကြမလဲ.. အဲဒီအိမ်ကြီးထဲကနေရာ လွတ်အောင် ဘယ်လိုလုပ်ကြမလဲ... သူတို့ကို ဒီအိမ်ကြီးထဲရောက်လာအောင် လုပ်ခဲ့တဲ့သူက ဘယ်သူဖြစ်နေမလဲ ဆိုတာတွေကိုတော့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ **IMDB Rating 6.9** အထိ ရရှိထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်သူကတော့ **Max** ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း