Kaaduvetty
အချစ်စစ်မှန်ရင် ခရီးလမ်းကမဖြောင့်ဖြူးဘူးတဲ့..။ အထူးသဖြင့် လူတန်းစားခွဲခြားမှုတွေရှိတဲ့ပတ်ဝန်းကျင်မှာပေါ့။ ဒီဇာတ်လမ်းလေးထဲမှာ သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက်ကို အမျိုးဇာတ်အနိမ့်အမြင့်ခွဲခြားပြီး မတူမတန်ဘူးရယ်ဆိုပြီး ပတ်ဝန်းကျင်ကခွဲခဲ့ကြတယ်။ အမျိုးဇာတ်နိမ့်တဲ့လူကိုချစ်ကြိုက်မိရင် အသိုင်းအဝိုင်းသိက္ခာကျရသတဲ့လေ။ ဒီချစ်သူနှစ်ယောက်ဟာ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ အသိုင်းအဝိုင်းနှစ်ခုမှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် အချင်းချင်းချစ်ခွင့်တောင်မရှိဘဲ အခွဲခံရတဲ့အခါ သူတို့ရဲ့အချစ်တွေကို ဘယ်လိုသက်သေပြကြမလဲ။ အပြစ်ဆိုလို့ ချစ်မိတာလေးပဲရှိတဲ့အခါ ဒီအချစ်အတွက် ဘာတွေပေးဆပ်လိုက်ရမလဲ။ နေထိုင်ရာပတ်ဝန်းကျင်ပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့စရိုက်၊ အတွေးအခေါ်နဲ့ ကံကြမ္မာတစ်ခုလုံး ဘယ်လိုပြောင်းလဲသွားနိုင်သလဲဆိုတာကို မီးမောင်းထိုးပြထားပြီး အလွှာအမျိုးမျိုးက လူတွေရဲ့စရိုက်နဲ့အတွေးအခေါ်ကွာခြားပုံကို ပေါ်လွင်အောင်သရုပ်ဖော်ထားတဲ့အတွက် လူ့စရိုက်လူ့သဘာဝကိုထင်ဟပ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း