ဇာတ်ကားများ ရွေးရန်

Indian 2

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါ တင်‌ဆက်ပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ အက်ရှင်ဒရာမာဇာတ်ကား‌ကောင်းလေးဖြစ်တဲ့ Indian 2 ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Indian 2 ဟာ 1996 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Indian ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီးတော့ ဒီကားမှာလည်း အဓိကဇာတ်ကောင် ဆေနာပသီကို ထပ်မံတွေ့ရမှာဖြစ်ပါတယ်။ ဆေနာပသီဟာ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုလုပ်ငန်းတွေကို တိုက်ထုတ်ပေးတဲ့ တမန်တော်လူမှုအသိုင်းအဝိုင်းကို ဂရုစိုက်ပေးတဲ့သူအနေနဲ့ နာမည်ကြီးခဲ့ပါတယ်။ Indian 2 အတွက် ဇာတ်လမ်းကတော့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ထုတ်ရင်း ပြည်သူ့အခွင့်အရေး‌တွေကို ပြန်လည်ကာကွယ်ဖို့ ဆေနာပသီဟာ နောက်ထပ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမှာပါ။ ဒီကား‌မှာ‌တော့ ဆေနာပသီဟာ လူဆိုးတွေနဲ့ တိုက်ခိုက်ဖို့ အရွယ်အိုသွားပေမဲ့လည်း စွမ်းသေးကြောင်းဆိုတာကို ဦးစားပေးရိုက်ကူးပေးထားပါတယ်။ ဒီဇာတ်ကားမှာ ဘယ်လိုမျိုး အက်ရှင်ဇာတ်ဝင်ခန်းတွေ တွေ့ရဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း