ဇာတ်ကားများ ရွေးရန်

Toofan

2024ဇာတ်ကားWeb-dl 1080p

အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Action Drama ဇာတ်ကားလေးဖြစ်တဲ့ Toofan ပဲဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင်တော့ Vijay Antony အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားသောသရုပ်ဆောင်တွေလည်း များစွာပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့ အိန္ဒိယလျှို့ဝှက်အေဂျင်စီအဖွဲ့က ခေါင်းဆောင်ဖြစ်သူဟာ သူ့ရဲ့ အတော်ဆုံးအေးဂျင့်အန်သိုနီကို ဘယ်သူမှမသိစေတဲ့ ဘဝမျိုးမှာ ဘယ်သူ့ကိုမှ မခင်တွယ်ပါနဲ့လို့ မှာပြီး အန်ဒါမန်ကျွန်းတွေထဲက မြို့တစ်မြို့မှာ ထားရစ်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်ကျ ခွေးလေးတစ်ကောင်ကို ကယ်ရင်း သူဟာ ဆိုမယာဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ ဖြစ်ချင်တော့ ဆိုမယာဟာ ငွေတိုးချေးစားတဲ့ ဒါလီဆိုတဲ့ လူနဲ့ ပြဿနာတက်နေခဲ့ပါတယ်။ ဒါလီဆိုတဲ့ သူကလည်း မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့အပြင် ရမ်းကားတတ်တဲ့သူမျိုးထဲမှာလည်း ပါနေတာကြောင့် လူတော်တော်များများကြောက်နေရတာပေါ့။ ဒါပေမဲ့လည်း အဲဒီလိုလုပ်နေတတ်တဲ့ ဒါလီ့ကို အမြင်မကြည်တဲ့ ရဲတစ်ယောက်က ဒါလီကို ဖမ်းဖို့ အခွင့်အရေးကို စောင့်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဘားရ်မာဆိုတဲ့ ကောင်လေးတစ်ယောက်က ဒါလီ့လူပါဆိုပြီး ဒါလီ့နာမည်ကို သုံးမိရာကနေ ပြဿနာပေါင်းစုံတက်ရင်း အန်သိုနီတစ်ယောက် ဝင်ပါရတဲ့အခါမှာတော့....ဘာတွေများ ဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ကြည့်ရှုအားပေးကြပါဦးရှင်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း