Jama
"Jama"ဆိုတာက ဇာတ်အဖွဲ့ကိုဆိုလိုတာဖြစ်တဲ့အတွက် ဇာတ်ကားနာမည်အတိုင်းပဲ ဒီဇာတ်လမ်းလေးဟာ ဇာတ်အဖွဲ့တစ်ခုကိုအခြေယူပြီး ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ နယ်တကာလှည့်ပြီး လမ်းဘေးပြဇာတ်တွေဖျော်ဖြေနေတဲ့ နာမည်ကြီးဇာတ်အဖွဲ့တစ်ခုထဲမှာ ကလယာနန်လို့ခေါ်တဲ့ လူငယ်လေးက အမျိုးသမီးဇာတ်ကောင်တွေမှာပဲ သရုပ်ဆောင်ခွင့်ရတဲ့အတွက် အမေဖြစ်သူက သူ့သားကို ဘုရင်ဇာတ်ကောင်မှာ သရုပ်ဆောင်ဖို့ အမြဲတိုက်တွန်းပါတယ်။ ဒါပေမဲ့ ဇာတ်ဆရာက သူ့ကို ဘုရင်ဇာတ်ကောင်မှာသရုပ်ဆောင်ခွင့်မပေးဘဲ ချော့တစ်ခါခြောက်တစ်လှည့်နဲ့သိမ်းသွင်းထားပါတယ်။ တကယ်တော့ အဖွဲ့ထဲမှာ ဘုရင်နေရာသရုပ်မဆောင်ရတဲ့လူဆိုလို့ သူတစ်ယောက်တည်းပဲရှိတာပါ။ အကြောင်းပြချက်ကတော့ ဇာတ်ဆရာဘက်က သူ့ကိုမအောင်မြင်စေချင်တဲ့စိတ်နဲ့ တမင်မလုပ်ခိုင်းဘူးဆိုတာကို သိသွားတဲ့အခါ ကလယာနန်တစ်ယောက် ဒီဇာတ်ကောင်ကိုသရုပ်ဆောင်ရဖို့အတွက် ဘယ်လိုတွေကြိုးပမ်းမလဲဆိုတာကို အလွမ်းအဆွေးဆန်ဆန်ကြည့်ရမဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း