ဇာတ်ကားများ ရွေးရန်

Tuesday

2023ဇာတ်ကားWeb-dl 1080p

သေခြင်းတရားဆိုတာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုဆိုပေမဲ့ လူတိုင်းရှောင်လွှဲချင်ကြတဲ့အရာတစ်ခုပါပဲ။ ဇိုရာတစ်ယောက် 15 နှစ်အရွယ် နာမကျန်းတဲ့သမီးလေးကျူးစ်‌‌ဒေးနဲ့အတူ အိမ်ကြီးတစ်ခုမှာ အတူနေပါတယ်။ ဇိုရာကတော့ အမြဲအိမ်မှာမရှိသလောက်ဆိုတော့ ကျူးစ်ဒေးကတော့ သူနာပြုနဲ့ပဲ နေ့တိုင်းအချိန်ကုန်ရတာပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ကျူးစ်ဒေးဆီကို စကားပြောတတ်တဲ့ ကြက်တူရွေးကြီးတစ်ကောင် ရောက်လာပြီးတော့ သူတို့စကားပြောနေရင်း ကြက်တူရွေးက သူ့ဆီရောက်လာတဲ့ သေမင်းဆိုတာကို သိသွားတဲ့အခါ.... ကျူးစ်ဒေးတစ်ယောက် အမေဖြစ်သူဇိုရာနဲ့ စကားပြောခွင့်ပေးဖို့ ကြက်တူရွေးကြီးကို ခွင့်တောင်းရင်းနဲ့ ဇိုရာကို အကြောင်းစုံရှင်းပြအပြီးမှာ သမီးကိုဆုံးရှုံးရမှာကြောက်တဲ့ဇိုရာတစ်ယောက် ရူးမိုက်တဲ့ဆုံးဖြတ်ချက် ချလိုက်အပြီးမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eunice ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း