ဇာတ်ကားများ ရွေးရန်

Wasabi

2001ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Wasabi လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ပြင်သစ်ရဲတစ်ယောက်ဖြစ်တဲ့ ဟူဘာ့ထ် ဖီယိုရန်တီနီက အမှန်တရားဘက်လိုက်ပေမဲ့ တစ်ခုခုဆိုလျှင် သူကိုင်တွယ်တာက ကြမ်းတမ်းပါတယ် တစ်နေ့မှာ အမှုတစ်ခုလိုက်ရင်း ရန်ဖြစ်ကာ ရဲမှူးချုပ် သားကို ဆေးရုံရောက်သွားအောင် ထိုးလိုက်မိပါတယ် အဲ့ကိစ္စကြောင့် ရဲမှူးချုပ်က သူ့ကို ၂လ တာဝန်က ရပ်ဆိုင်းလိုက်ခြင်း ခံရပါတယ် ဟူဘာ့ထ်ဟာ အမြဲတမ်း တကိုယ်တည်းသမား လူဂွစာ ဖြစ်ပါတယ် ဘာမှလည်း မလုပ်တတ်ဘဲ သူ့ဟာသူ တကိုယ်တည်း နေတတ်ပေမဲ့ သူ့မှာ လွန်ခဲ့တဲ့ ၁၉နှစ်က သိပ်ချစ်ခဲ့ရတဲ့ ဂျပန်အမျိုးသမီးရှိခဲ့ပါတယ် ထိုအမျိုးသမီးကဟာ သူ့ကို တစ်ရက်မှာ ရုတ်တရက်ထားသွားခဲ့တာကြောင့် သူ့မှာ အသည်းကွဲကျန်နေခဲ့တာမှာ ယခုတိုင်ထိ ဖြစ်ပါတယ် တစ်နေ့မှာတော့ ဂျပန်မှာရှိတဲ့ ပြင်သစ်သံရုံးကနေ သူ့ကို ဆက်သွယ်လာခဲ့ပါတယ် သူ သိပ်ချစ်ခဲ့ရတဲ့ ဂျပန်အမျိုးသမီး မီကိုဟာ သေဆုံးသွားပြီ ဖြစ်ကြောင်း သေတမ်းစာမှာ သူ့ကိုပဲ ပါတာကြောင့် အသုဘ လာတက်စေချင်ကြောင်း လှမ်းပြောပါတယ် သူ ဂျပန်ကို သွားရောက်တဲ့အခါမှာတော့ မီကိုမှာ သူနဲ့ရထားတဲ့ ၁၉နှစ်အရွယ် သမီးတစ်ယောက် ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ် ထိုသမီးကို စောင့်ရှောက်ဖို့လည်း သေတမ်းစာမှာ မှာထားခဲ့ပါတယ် ဒါပေမဲ့ မီကိုရဲ့ သေဆုံးမှုကို ဟူဘာ့ထ်က မသင်္ကာဖြစ်နေခဲ့ပါတယ် ဒီကားလေးထဲမှာ အခုတွေ့ရတဲ့ ဆယ်ကျော်သက် ဆိုးပေတဲ့ သမီးလေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သွားမလဲ သူ့အမေရဲ့ သေဆုံးမှု အမှန်တရားကိုရော ဖော်ထုတ်နိုင်မှာလား ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း