ဇာတ်ကားများ ရွေးရန်

Vedaa

2024ဇာတ်ကားWeb-dl 1080p

Vedaaဇာတ်ကားမှာတော့ ဗီလ်ဒါဟာ မျိုးရိုးဇာတ်နိမ့်က မွေးဖွားလာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ လက်ဝှေ့ချန်ပီယံဖြစ်ချင်တာကြောင့် ကောလိပ်လက်ဝှေ့အသင်းထဲဝင်ခွင့်ရဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့မျိုးရိုးဇာတ်နိမ့်တဲ့သူကို ဘယ်သူကမှ အဖွဲ့ထဲက လက်မခံတဲ့အပြင်ရွာကောင်စီခေါင်းဆောင်ရဲ့ညီကလဲ ဗီလ်ဒါကို လိုက်လံနှောင့်ယှက်နေခဲ့သေးတယ်။အဲ့အချိန်မှာရွာကို အခုမှရောက်လာတဲ့ လက်ဝှေ့လက်ထောက်နည်းပြအာဟီလ်ဆိုတဲ့လူက ဗီလ်ဒါကိုလက်ဝှေ့ထိုးနည်းသင်ပေးခဲ့တယ်။တစ်နေ့မှာတော့ ဗီလ်ဒါအကိုဟာ မျိုးရိုးမြင့်ထဲက မိန်းကလေးတစ်ယောက်နဲ့ ချစ်နေပြီး ခိုးရာလိုက်ပြေးသွားတာကြောင့်ရွာကောင်စီခေါင်းဆောင်က ဗီလ်ဒါရဲ့အကိုနဲ့အမကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြီး ဗီလ်ဒါကိုလဲ သတ်ဖြတ်ဖို့ လိုက်လံဖမ်းဆီးနေခဲ့တယ်။ဗီလ်ဒါတစ်ယောက် အာလ်ဟီကို အကူအညီသွားတောင်းချိန်မှာတော့ အာလ်ဟီဟာ သာမန်လက်ထောက်နည်းပြတစ်ယောက်မဟုတ်ဘဲနဲ့ စစ်တပ်အရာရှိဟောင်းတစ်ယောက်ဖြစ်နေတာကို သိသွားပြီးတော့ရွာကောင်စီခေါင်းဆောင်တို့တစ်ဖွဲ့လုံးက ဗီလ်ဒါနဲ့ အာဟီလ်တို့ကို လိုက်လံသတ်ဖြတ်ပါတော့တယ်။စစ်တပ်အရာရှိတစ်ယောက်ဖြစ်တဲ့ အာလ်ဟီကရော ဒီမြို့လေးကို ဘာကြောင့်ရောက်လာရတာလဲ။ဗီလ်ဒါကရော အသက်ရှင်ထွက်ပြေးနိုင်ပြီးတော့ သူ့မိသားစုအတွက် လက်စားချေနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nora ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း