ဇာတ်ကားများ ရွေးရန်

Death Notice: A Serial Killer Leaving Notes

2023ဇာတ်ကားBlu-ray 1080p

အင်စပတ်တာလိုဖေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ခဲ့တဲ့အမှုတစ်ခုမှာပိတ်မိနေပြီး အတိတ်ကနေ ရုန်းမထွက်နိုင်သူတစ်ယောက်။ ၂၀၀၉ ခုနှစ်တုန်းက ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် သူအချစ်ရဆုံးချစ်သူကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး တရားခံကို ဖမ်းမမိခဲ့။ ၁၀ နှစ်ကြာပြီးနောက် ၂၀၁၉ ခုနှစ်မှာ သူနဲ့ရင်းနှီးသူ အရာရှိဟောင်းတစ်ယောက်ကပါ သူ့မျက်စေ့ရှေ့နားတင် အသတ်ခံလိုက်တယ်။ ယခုအမှုနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကအမှုဟာ တူညီနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က လူသတ်သမားဟာ တစ်ဖန်ပြန်ပေါ်လာခဲ့ပြီ။ လူသတ်မှုအကြောင်း ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲလုပ်နေတုန်းမှာပဲ ကွန်ပျူတာကို တစ်စုံတစ်ယောက်က ဟက်ခ္ကာ သူဟာ တရားခံ Darker ဆိုသူဖြစ်ပြီး တရားမျှတရေးအတွက် Death Notice ပေးပို့ကာ လူသတ်နေကြောင်း လူသိရှင်ကြားပြောလာခဲ့တယ်။ ထို့နောက်မှာ လိုဖေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကအမှုရဲ့တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် အထူးတပ်ဖွဲ့ထဲ ပြန်လည်၀င်ရောက်လာခဲ့တယ်။ Darker ဆိုသူကရော ဘယ်သူလဲ ဘယ်လိုလူတွေက Death Notice အပေးခံရပြီး ဘယ်လိုပုံစံနဲ့ အသတ်ခံရမလဲဆိုတာကို တစ်ကားလုံး ဇာတ်ရှိန်ကျမသွားဘဲ စိတ်၀င်တစား ကြည့်ရှု့ရမယ့် ဟောင်ကောင် Crime/Thriller ရုပ်ရှင်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း