A Knight's Tale
App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ A Knight's Tale လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် IMDb rating 7/10 ရရှိထားပြီး ကြည့်လိုတကယ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ အလယ်ခေတ်က သူရဲကောင်းတွေရဲ့စီးချင်းထိုး တိုက်ပွဲတွေကို ကျောရိုးယူပြီး သမိုင်း၊ အက်ရှင်၊ အချစ်နဲ့ ဒရမ်မာကို အချိုးညီညီပေါင်းစပ်ထားတဲ့ ဇာတ်လမ်းမျိုးပါ။ ထူးခြားချက်ကတော့ Batman ရုပ်ရှင် The Dark Knight (2008) မှာ Joker အဖြစ် ပါ၀င်သရုပ်ဆောင်ခဲ့ပြီး အသက်ငယ်ငယ်နဲ့ ကွယ်လွန်သွားရှာတဲ့ မင်းသား Heath Ledger က ဒီရုပ်ရှင်မှာ ခေါင်းဆောင်ပါ၀င်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - ဝီလီယမ်သက်ချာဆိုတဲ့ အညတရမျိုးနွယ်ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက သူရဲကောင်းတစ်ယောက်ဖြစ်ဖို အိပ်မက်ရှိခဲ့သူပါ။ မျိုးရိုးမြင့်တဲ့ သူကောင်းမျိုးတွေသာ သူရဲကောင်းဖြစ်ခွင့်ရှိတဲ့ ခေတ်မှာ ဝီလီယမ်ရဲ့အိပ်မက်က လက်တွေ့ဖြစ်လာဖို မလွယ်ကူပါဘူး။ ဒါပေမဲ့ ဝီလီယမ်ကတော့ ကိုယ့်ကံကြမ္မာကို ကိုယ်ပြောင်းလဲနိုင်တယ်ဆိုတဲ့ သူ့အဖေစကားကို စွဲမှတ်ထားသူပါ။ တစ်နေ့မှာတော့ သူအမှုထမ်းနေတဲ့ သူရဲကောင်းက စီးချင်းထိုးနေရင်း အသက်ဆုံးသွားတဲ့အခါ ဝီလီယမ်က ဘယ်သူမှမသိအောင် လူစား၀င်ပြီး စီးချင်းထိုးခဲ့ပါတယ်။ အဲဒီကစလို သူ့ကံကြမ္မာပြောင်းလဲရဖို အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူကောင်းမျိုးနွယ်သူရဲကောင်းမှ ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲအတွက် သူ့အနေနဲ့ လုပ်ဇာတ်ခင်းပြီး လိမ်ညာယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာပဲ ဝီလီယမ်တစ်ယောက် မျိုးရိုးမြင့် သခင်မလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ချိန်မှာ ဝီလီယမ်ရဲ့လိမ်စဉ်တွေ ပေါ်သွားမှာလား၊ သူရဲကောင်းဖြစ်ချင်တဲ့ သူ့အိပ်မက်က တကယ်ဖြစ်လာနိုင်ပါ့မလား၊ အဆင့်ချင်းကွာခြားနေတဲ့ ချစ်သူနဲ့ပေါင်းဖက်နိုင်ပါ့မလားဆိုတာကို စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း