7 Assassins
တရုတ်ပြည်ကို ချင်မင်းဆက်အုပ်စိုးချိန် မြောက်ပိုင်းက ရွှေတောင်ကြားဆိုတဲ့ရွာတစ်ရွာမှာ လူတစ်စု စုရုံးနေထိုင်ကြပြီး သူတို့ကို အုပ်ချုပ်နေတဲ့သူက သူကြီးမော်ဆိုတဲ့သူ။ ရွှေတောင်ကြားရွာမှာ လူမျိုးစုံနေထိုင်ကြပြီး အပြင်လောကအရှုပ်အရှင်းတွေနဲ့ ကင်းအောင်နေကြတယ်။ သူတို့ရွာမှာ စည်းကမ်းတွေ ရှိတယ်။ ရွာကိုရောက်လာတဲ့သူကို အတိတ်အကြောင်းေတွကိုမစပ်စုမမေးမြန်းဘဲ ဆန္ဒရှိတယ်ဆိုရင် ရွာမှာနေထိုင်ခွင့်ပေးတယ်။ ရွာကိုရောက်လာပြီးရင်လည်း ပြန်သွားခွင့်မရှိ။ ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့လူတွေနေထိုင်တဲ့ ရွှေတောင်ကြားကို တစ်နေ့မှာ လူတစ်ယောက်ဟာ ဒဏ်ရာအလိမ်းလိမ်းနဲ့ရောက်လာခဲ့တယ်။ ထိုလူဟာ တောင်ပိုင်းကသူပုန်တစ်ယောက်ဖြစ်ပြီး ချင်မင်းသားက လိုက်ဖမ်းနေတဲ့သူ။ ထိုလူရောက်လာပြီးနောက်မှာတော့ အေးချမ်းနေတဲ့ရွှေတောင်ကြားမှာ အရင်လိုမအေးချမ်းနိုင်တော့။ ရွှေတောင်ကြားရွာမှာ နေထိုင်တဲ့သူတွေက ဘယ်လိုလူမျိုးတွေဖြစ်မလဲ သူပုန်ကို လက်ခံထားပြီးတဲ့နောက်မှာ ဘာတွေနဲ့ကြုံတွေ့ရမလဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း