A Legend
စတင်ထွက်ရှိချိန်တုန်းကတင်မကပဲ အခုအချိန်အထိပါဘယ်လိုပြန်ကြည့်ကြည့်မရိုးတဲ့ ဂျက်ကီချမ်းရဲ့ အရင်ခေတ်နဲ့လက်ရှိခေတ်ကို ဆက်သွယ်ထားတဲ့ ၂၀၀၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Myth ဆိုတဲ့ဇာတ်ကားကို မကြည့်ဖူးတဲ့လူတော့ ရှိမယ်လို့ကိုမထင်ပါဘူး။အဲ့ဒီ ၂၀၀၅ ခုနှစ်ကတည်းကနေပြီးတော့ နောက်ပိုင်းဘာအသံမှမကြားရတော့ပဲနဲ့ အခု ၂၀၂၄ ကျမှ အဲ့ဒီဇာတ်ကားရဲ့အဆက်အနေနဲ့ A Legend ဆိုတဲ့နာမည်နဲ့ဒုတိယမြောက်တစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါပြီ။အချိန်ကွာဟချက်တွေအရ ရုပ်ရှင်ချစ်သူများရဲ့အချစ်တော်ဂျက်ကီချမ်းလည်း အသက်ကြီးလာတဲ့အတွက် အရင်ခေတ်ငယ်ဘ၀ကို AI တို့ Deepfake တို့လိုမျက်နှာအစားထိုးပြီး ရိုက်ကူးထားတဲ့အတွက် ဝေဖန်မှုတွေရှိနေပေမဲ့ အဲ့ဒါကလွဲရင်တော့ ဇာတ်လမ်းထဲက ကျန်တာတွေအားလုံးက အရင်အတိုင်းပဲ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေတုန်းပါပဲ။ဒီတစ်ကားရဲ့အစမှာတော့ ရှေးဟောင်းသုတေသနပညာရှင်ဆိုတဲ့အတိုင်းပဲ လိုက်လံတူးဖော်ရှာဖွေလေ့လာရင်းနဲ့ ရှေးခေတ်ကျောက်စိမ်းပြားတစ်ပြားကိုတွေ့ခဲ့ပြီး မကြာခင်မှာတော့ သူနဲ့သူ့လက်ထောက်ဝမ်ကျင့်တို့ အိပ်မက်တစ်ခုတည်းကိုအတူတူမြင်မက်လာကြပါတော့တယ်။အဲ့ဒီအိပ်မက်က အနောက်တိုင်းဟန်မင်းဆက်ခေတ်တုန်းကအရာတွေကိုမြင်မက်တာဖြစ်ပြီး သူတို့တွေက ဟန်စစ်သူကြီးတွေဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီကျောက်စိမ်းပြားအကြောင်းကိုပိုသိရအောင် စုံစမ်းရင်းနဲ့မှ အရင်ခေတ်မှာရောအခုခေတ်မှာပါ ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရဦးမလဲဆိုတာကို ကြည့်ရှုခံစားရမဲ့ ဂျက်ကီချမ်းပရိသတ်တွေအတွက်စိတ်ကျေနပ်ရမဲ့ဇာတ်ကားတစ်ကားဖြစ်ကြောင်းညွှန်းပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း