The Ex-File 3: Return of the Exes
ခေါင်းမာလို့ ဝေးခဲ့ကြသူေတွအကြောင်း။ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်က ငါ့ကိုထားမသွားလောက်ဘူးလို့ ယုံကြည်နေခဲ့ပြီး နောက်တစ်ယောက်က ငါ့ကိုထွက်သွားခွင့်မပြုလောက်ပါဘူးလို့ ယုံကြည်နေခဲ့တယ်။ အသေးအမွှားကိစ္စလေးတွေကနေ စခဲ့တဲ့ ကတောက်ကဆတ်ဖြစ်တာလေးကနေ ကွဲကွာသွားတဲ့အထိဖြစ်သွားကြတယ်။ ပြောစရာတွေများနေခဲ့ပေမယ့် တစ်ခွန်းမှ မဟခဲ့ကြဘူး။ ဘယ်သူက အရင်အလျှော့ပေးမလဲ စောင့်နေရင်းကနေ ဘယ်သူက အရင်လက်လွှတ်လိုက်မလဲဆိုတာကို စောင့်နေတဲ့အခြေနေထိရောက်သွားခဲ့ကြတယ်။ မုန်ယွင်နဲ့လင်းကျားတို့ဟာ နှစ်ယောက်တစ်အိမ်မက်ကို မက်နေခဲ့ကြပေမဲ့ မုန်ယွင်က လင်းကျားနဲ့ပုံဖော်ထားတဲ့အနာဂတ်ကိုပဲ မျှော်ကြည့်နေခဲ့ကာ လက်ရှိအချိန်ကို အလေးမထားမိခဲ့ဘူး။ လင်းကျားကတော့ ယခုလက်ရှိအပေါ်အခြေခံပြီး သေချာတဲ့အနာဂတ်ကိုတည်ဆောက်ချင်နေတယ်။ ရိုးရှင်းတဲ့လွဲချော်မှုေလးတွေကြောင့် ၅ နှစ်ကြာတည်ဆောက်ထားခဲ့တဲ့ မုန်ယွင်နဲ့လင်းကျားတို့ရဲ့ ဆက်ဆံရေး ဘယ်လိုတွေပြောင်းလဲသွာမလဲ။ ဒီဇာတ်ကားက အစပိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ ဟာလေနှောတင်ဆက်ပေးထားပေမဲ့ နောက်ပိုင်းကတော့ အတော်လေးကို Deep ဖြစ်ပြီး Reality လည်း ဆန်လှပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်လို့ ရှာကြည့်မယ်ဆိုရင် ဇာတ်ကားရဲ့တကယ့်အနှစ်သာရကို ဖော်မပြထားကြဘဲ ဟာသကားလိုမျိုး ပေါ့ပေါ့တန်တန် ဖော်ပြထားတာတွေကိုပဲ တွေ့ရပါလိမ့်မယ်။ Review ပေးရမယ်ဆိုရင် တကယ်ကောင်းတဲ့ဇာတ်ကားတစ်ကားပါလို့ပဲ ပြောပြရစေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း