ဇာတ်ကားများ ရွေးရန်

The Taking of Pelham 123

2009ဇာတ်ကားBlu-ray 1080p

ဖြစ်ရပ်မှန်ဇာတ်လမ်းလား ထင်မှတ်မှားရလောက်အောင် ရင်တထိတ်ထိတ်နဲ့ အရမ်းကြည့်လို့ကောင်းတဲ့ action/thriller ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကောင်းသလို John Travolta နဲ့ Denzel Washington တိုကို နာမည်ကျော်မင်းသားကြီးတွေ အပြိုင်ကြဲထားတာမို့ ရှာမှရှားတဲ့ ‌ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းမှာတော့ ဂါဘာဟာ အလုပ်မှာ ပြဿနာတစ်ခုတက်ပြီး ရာထူးကြီးပိုင်းကနေ ရာထူးချခံထားရသူပါ။ သူ့ရဲ့လက်ရှိအလုပ်က ရထား၀န်ထမ်းတွေနဲ့ ဆက်သွယ်ပြီး ရထားထွက်ချိန်နဲ့ မြေပြင်၀န်ထမ်းတွေအတွက် လိုအပ်ချက်တွေကို ညှိနှိင်းဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။ တစ်နေ့ သူကြီးကြပ်ပေးနေရတဲ့ ရထားဟာ လက်နက်ကိုင်လူတစ်စုရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရပါတယ်။ အဲဒီအခါ ဂါဘာဟာ ရထားကိုဆက်သွယ်ရာက ပြန်ပေးသမားခေါင်းဆောင်နဲ့ စကားပြောမိရာက ဓားစာခံညှိနှိင်းရေးမှူးဖြစ်မှန်းမသိ ဖြစ်လာပါ‌တော့တယ်။ ပြန်ပေးသမားဟာ တွဲတစ်တွဲစာ ခရီးသည်တချိုကို ဓားစာခံခေါ်ထားပြီး ဒေါ်လာ ၁၀ သန်း တောင်းဆိုခဲ့ပါတယ်။ အဲဒီလိုနဲ့ ဂါဘာတစ်ယောက် ပြန်ပေးသမားတွေကို ဘယ်လိုကိုင်တွယ်သွားမလဲ၊ ဓားစာခံတွေရော အသက်ရှင်လွတ်မြောက်ကြပါ့မလား၊ အဲဒီရထားအပိုင်စီးမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိနေမလဲဆိုတာကို ဇာတ်ရှိန်တစ်စက်မှမကျဘဲ ရင်တထိတ်ထိတ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း