ဇာတ်ကားများ ရွေးရန်

Pushpa: The Rule - Part 2

2024ဇာတ်ကားWeb-dl 4K SDR

Rating 7.7/10 အထိရထားတဲ့ အကြမ်းအရမ်းတွေနဲ့အက်ရှင်ဇာတ်ကားကောင်းလေး လာပါပြီ ။ လမ်းဘေးကကူလီသမားပွတ်ရ်ပါးဘဝကနေပြီး သစ်ထုတ်လုပ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ပွတ်ရ်ပါး။ ဇနီးဖြစ်သူရဲ့စကား တစ်ခွန်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ရာထူးအထိ ဘယ်လိုပြောင်းလဲခဲ့သလဲ။ ပွတ်ရ်ပါးက သစ်တွေတင်ပို့တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သာမန်အလုပ်သမားဘဝကနေ ထိပ်ဆုံးရောက်အောင်လှမ်းတက်လာနိုင်သူပါ။ နိုင်ငံတကာအထိ ဖြန့်ကျက် စီးပွားရှာနိုင်ခဲ့ပြီး ဂျပန်ကယာကူဇာတွေနဲ့အထိ ဘယ်လိုတိုက်ခိုက်ကျော်လွှားနိုင်ခဲ့သလဲ။ သူ့ရဲ့သစ်တွေသယ်ပို့ရာမှာ အတားအဆီးဖြစ်တဲ့ရဲအရာရှိ ရှီကာဝဘ်ကို ဘယ်လိုသင်ခန်းစာတွေပေးခဲ့သလဲ။ ပြိုင်ဘက်တွေကြားထဲမှာ သစ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို ဘယ်လိုရအောင်ယူခဲ့သလဲ။ပွတ်ရ်ပါးရဲ့ ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှုတွေနဲ့ ကစားကွက် လှည့်ကွက်တွေကို အသည်းတယားယားနဲ့ကြည့်ရှုရမယ် အိန္ဒိယအက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း