The Firefighters
ဒီကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပါတယ်။ ဒီကားကို 2024 Decကမှ စပြီးထုတ်လွှင့်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို လေးစားဖွယ်တွေ့ကြရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ချောဝန်းဆိုတဲ့ကောင်လေးဟာ စစချင်းမှာတော့ မီးသတ်အဖွဲ့ထဲကို တက်ကြွစွာဝင်လာခဲ့ပါတယ်။ အလုပ်စဝင်တဲ့နေ့မှာတင် မီးသတ်တဲ့နေရာဆီလိုက်သွားရပြီး တလွဲတွေလုပ်တာမလို့ အဆူခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အဆင်ပြေနေရင်းမှာပဲ သူတို့နဲ့တစ်ဖွဲ့တည်းက သူနဲ့ရင်းနှီးတဲ့အစ်ကိုက မီးလောင်တဲ့နေရာမှာ လူကယ်ပေးရင်း သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေ ရုန်းမထွက်နိုင်တဲ့ ချောဝန်းကိုတော့ အဖွဲ့ဦးစီးက 3/4လလောက် ပေးနားလိုက်ပြီး စိတ်ပြင်ဆင်ဖို့အချိန်ပေးလိုက်ပါတော့တယ်။ ချောဝန်းတစ်ယောက် ဒီအလုပ်မှာ ဆက်ပြီး ရေရှည်နေလို့ရပါ့မလား ..?? ရှေ့ဆက်ကြုံလာရမဲ့ ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေ စောင့်ကြိုနေမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း