ဇာတ်ကားများ ရွေးရန်

Hop

2011ဇာတ်ကားBlu-ray 1080p

ဖရတ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘဝမှာ အလေးနက်ထားတာလည်း ဘာတစ်ခုမှမရှိ၊ အလုပ်လည်းမယ်မယ်ရရမလုပ်၊ ကြီးကောင်ကြီးမားနဲ့ မိဘအိမ်မှာပဲ ကပ်စားနေဆဲမလို့ အဖေဖြစ်သူက စိတ်ကုန်လာလို့ အိမ်ပေါ်ကနေ ကန်ချလိုက်တဲ့နေ့ .... အီစတာဘန်နီ ဖြစ်လာမယ့် ယုန်လေးကို ကားနဲ့ တိုက်မိပါတော့တယ်။ ဖြစ်ချင်တော့ အီစတာဘန်နီလေးကလည်း ဖခင်ဖြစ်စေချင်တဲ့အတိုင်း အီစတာဘန်နီတာဝန်ကိုမယူချင်ဘဲ ဒရမ်သမားပဲ ဖြစ်ချင်တယ်ဆိုပြီး အိမ်ပေါ်က ဆင်းလာသူ .... အိမ်ပေါ်ကမောင်းချခံရသူနဲ့ အိမ်ပေါ်ကဆင်းလာသူ ..... သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်မှီခိုရင်း ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဘယ်လိုမျိုးရင့်ကျက်လာကြမလဲဆိုတာကို ရယ်မောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။)

ဇာတ်လမ်းအကြောင်း